အင်ဒိုနီးရှားရှိ စီနာဘူမီးတောင် ပေါက်ကွဲ၊ ပြာမှုန်များ ၂ ဒသမ ၅ ကီလိုထိ မြင့်တက်

September 28, 2017

အင်ဒိုနီးရှားရှိ စီနာဘူမီးတောင် ပေါက်ကွဲ၊ ပြာမှုန်များ ၂ ဒသမ ၅ ကီလိုထိ မြင့်တက်

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားပြည်နယ် မြောက်ပိုင်းရှိ စီနာဘူမီးတောင်ဟာ စက်တင်ဘာ ၂၇ ရက်နေ့က စတင်ပေါက်ကွဲခဲ့ပြီး ပြာမှုန်တွေဟာ မီးတောင်ထိပ်ဝကနေ ၂ ဒသမ ၅ ကီလိုမီတာ အမြင့်အထိ မြင့်တက်ခဲ့ပါတယ်။ အဲဒီမီးတောင်ဟာ ဘာလီကျွန်းရှိ အာဂွန်မီးတောင် ပေါက်ကွဲနိုင်တယ်ဆိုပြီး သတိပေးချက် ထုတ်ပြန်ထားချိန်မှာ ပေါက်ကွဲခဲ့တာပါ။ အဲဒီ စီနာဘူမီးတောင် အနီးဝန်းကျင်မှာ စောင့်ကြည့်ရေးစခန်းတခု ထားရှိပြီး မီးတောင်အခြေအနေကို အသေးစိတ် မှတ်တမ်းတင်နေပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးဌာန အကြီးအကဲက “မီးတောင်ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပါတယ်။ ပထမတကြိမ်က ဒေသစံတော်ချိန် မနက် ၆ နာရီမှာပါ။ နောက်တကြိမ်က မွန်းတည့်ချိန်မှာ ပေါက်ကွဲတာပါ” လို့ ပြောကြားခဲ့ပါတယ်။ စီနာဘူမီးတောင်ဟာ ၂၀၁၆ ခုနှစ်ကလည်း ပေါက်ကွဲခဲ့ပြီး လူ ၆ ဦး သေဆုံးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up