အင်ဒိုနီးရှားနိုင်ငံ ဘော်နီယိုကျွန်းအနီးမှာ ဇူလိုင် ၂၅ ရက်နေ့က စက်တပ်လှေတစီး တိမ်းမှောက်ပြီး အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ပါတယ်။
တခြားလူအမြောက်အမြားလည်း ပျောက်ဆုံးလျက်ရှိတယ်လို့ ရဲနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အင်ဒိုနီးရှား ကယ်ဆယ်ရေးအဖွဲ့တွေက ကာလီမန်တန်ပြည်နယ် မြောက်ဘက်ခြမ်းမှာ တိမ်းမှောက်ခဲ့တဲ့ အဲဒီစက်လှေမှာ လူ ၄၀ လောက် ပါတယ်လို့ ပြောပါတယ်။
အင်ဒိုနီးရှားနဲ့ မလေးရှားကို သွားတဲ့ ရေလမ်းခရီးမှာ အခုလို မတော်တဆမှုတွေ မကြာခဏ ဖြစ်လေ့ရှိကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကလည်း လူ ၁၀၁ ဦးပါတဲ့ စက်လှေတစီးဟာ အင်ဒိုနီးရှားနိုင်ငံ ဘာတန်ကျွန်းအနီးက သန္တာကျောက်တန်းတွေနဲ့ တိုက်မိနစ်မြုပ်ပြီး လူ ၅၀ ကျော် သေဆုံးခဲ့ပါသေးတယ်။
အဲဒီရှေ့ လေးလအကွာမှာလည်း ဘာတန်ကျွန်းကိုသွားတဲ့ လှေ ၁ စီး နစ်မြုပ်ပြီးနောက် ၃၄ ဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။
အဲဒီလှေနစ်မြုပ်မှုမှာ လူသေအလောင်း ၈ လောင်း ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
6 years Ago