အင်ဒိုနီးရှားငလျင်ကြောင့်

December 17, 2017

အင်ဒိုနီးရှားငလျင်ကြောင့် သေဆုံးဒဏ်ရာရသူ ထပ်တိုးလာ

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ အင်အား ရစ်ချတ်တာစကေး ၆ ဒသမ ၅ ရှိတဲ့ ငလျင်ကြောင့် လူ ၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရကာ ရာနဲ့ချီတဲ့ အဆောက်အဦတွေ ပျက်စီးတယ်လို့ အာဏာပိုင်တွေက အစီရင်ခံပါတယ်။ ငလျင်ဟာ တာဆစ် မလာယာ ဒေသရဲ့ အနောက်တောင်ဘက် ၅၂ ကီလိုမီတာ အကွာ မြေအောက် အနက် ၅၇ မိုင်ကို ဗဟိုပြုပြီး သောကြာည သန်းခေါင်ချိန် မတိုင်ခင်လေးမှာ လှုပ်ခတ်ခဲ့တာပါ။ ငလျင်ကြောင့် ဂျာဗားကျွန်း အနောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ အစိုးရ အဆောက်အဦတွေ ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေအပါအဝင် ရာနဲ့ချီတဲ့ အဆောက်အဦတွေ ပျက်စီးတယ်လို့ ကပ်ဘေးသက်သာရေးဌာန ပြောခွင့်ရ ဆူတိုပိုပါဝိုနူဂရိုဟိုက စနေနေ့မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
4 years Ago
Up