အင်တာနေရှင်နယ်ဖလား ဖိတ်ခေါ်ပွဲ ရိုးမား ၇-၆ ရီးရဲလ်မက်ဒရစ် (ရုပ်သံ)

July 19, 2015

အင်တာနေရှင်နယ်ဖလား ဖိတ်ခေါ်ပွဲ ရိုးမား ၇-၆ ရီးရဲလ် (ရုပ်သံ)

သြစတြေးလျနိုင်ငံမှာ ဇူလိုင် ၁၈ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ အင်တာနေရှင်နယ် ဖလား ဖိတ်ခေါ်ပြိုင်ပွဲမှာ ရိုးမားအသင်းက ရီးရဲလ်မက်ဒရစ်ကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရသွားပါတယ်။ ဒီပွဲကို မဲလ်ဘန်းမှာ ယှဉ်ပြိုင်သွားပြီး ပရိသတ် ၈ သောင်းကျော် လာရောက် အားပေးသွားပါတယ်။ အင်တာနေရှင်နယ် ဖလား ဖိတ်ခေါ်ပြိုင်ပွဲကို သြစတြေးလျဇုန်မှာ မန်စီးတီး၊ ရိုးမား၊ ရီရဲလ်မက်ဒရစ်တို့ ပါဝင် ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။ ပထမပိုင်းမှာ ရိုးမားအသင်းက အခွင့်အရေး ပိုရခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ရီရဲလ် တိုက်စစ်မှူး ဘေး အခွင့်အရေး ရပေမယ့် အသုံးမချနိုင်လို့ ဂိုးမရှိ သရေနဲ့အဆုံး သတ်ခဲ့ပါတယ်။ ပင်နယ်တီ အဆုံးအဖြတ်ကို ခံယူရာမှာတော့ ရိုးမားက ၇ ဂိုး ၆ ဂိုးနဲ့ အနိုင်ရသွားပါတယ်။  
6 years Ago
Up