အင်တာမီလန်
A d v e r t i s e m e n t With Us
September 5, 2019
တိုက်စစ်မှူး ဆန်းချက်ဇ် အမေရိကန်မေဂျာလိဂ်တွင် သွားရောက်ကစားရန် ရည်မှန်း
တချိန်မှာ အမေရိကန် မေဂျာလိဂ်ကို သွားရောက်ကစားဖို့ ရည်မှန်းချက်ရှိတယ်လို့ အင်တာမီလန် တိုက်စစ်မှူး အလက်ဆစ် ဆန်းချက်ဇ်က ပြောပါတယ်။ အသက်၃၀နှစ်ရှိပြီဖြစ်တဲ့ဆန်းချက်ဇ်ဟာ လက်ရှိအချိန်မှာ မန်ယူအသင်း ကနေ အင်တာမီလန်အသင်းဆီကို တစ်ရာသီအငှားစာချုပ်နဲ့ သွားရောက် ကစားနေတာဖြစ်ပါတယ်။ မေဂျာလိဂ်ကလပ်တွေက ကမ်းလှမ်းချက်တွေ အမြဲတမ်းရရှိထားပေမယ့် နောက်ထပ် ၅ နှစ်၊ ၆ နှစ်လောက်အထိ ဥရောပမှာ ကစားနိုင်စွမ်းရှိသေးပြီး တနေ့မှာတော့ သွား ရောက်ကစားဖို့ရှိတယ်လို့ ဆန်းချက်ဇ်က ပြောပါတယ်။ ချီလီအသင်းနဲ့ ပူးပေါင်းလေ့ကျင့်နေတဲ့ အချိန်မှာ ဆန်းချက်ဇ်က ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပြီး ဒေးဗစ်ဘက်ခမ်းတည်ထောင် ဖွဲ့စည်းနေတဲ့ မီယာမီအသင်း ကို ပြောင်းရွှေ့ဖို့လည်း ချိတ်ဆက်နေတယ်လို့ ဆန်းချက်ဇ်က ပြောပါတယ်။
1 year Ago
July 25, 2019
လူကာကူကို ခေါ်ယူလိုပါက အမြန်ဆုံးဆောင်ရွက်ရန် မန်ယူက အင်တာကို သတိပေး
တိုက်စစ်မှူး လူကာကူကို ခေါ်ယူချင်တယ်ဆိုရင် အမြန်ဆုံးဆောက်ရွက်ဖို့ မန်ယူအသင်းက အင်တာမီလန်အသင်းကို သတိပေးလိုက်ပါတယ်။ အီတလီကလပ် အင်တာမီလန်အသင်းဟာ တိုက်စစ်မှူး လူကာကူအတွက် ပေါင် ၅၄ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် မန်ယူအသင်းက ပယ်ချခဲ့ပြီး ပေါင်သန်း ၉၀ ဝန်းကျင်ရမှ ရောင်းချမယ်လို့ အကြောင်းပြန်ကြားခဲ့ကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ် အပြောင်းအရွှေ့ဈေးကွက်ကို လာမယ့် သြဂုတ် ၉ ရက်မှာ ပိတ်သိမ်းမှာဖြစ်တာကြောင့် လူကာကူကို ရောင်းချမယ်ဆိုရင် အစားထိုးနိုင်မယ့် တိုက်စစ်မှူးတဦး ပြန်လည်ခေါ်ယူရမှာ ဖြစ်တဲ့အတွက် မန်ယူအသင်းက အမြန်ဆုံး အပြောင်းရွှေ့ဖြစ်ဖို့ အလိုရှိနေတာပါ။ မန်ချက်စတာယူနိုက်တက်အသင်းဟာ တိုက်စစ်ပိုင်းမှာ လူငယ်ကစားသမား ရက်ရှ်ဖို့ဒ်ကို အသုံးပြုနိုင်မှာဖြစ်သလို တောင်ပံကစားသမား မာရှယ်ကိုလည်း တိုက်စစ်မှာ တင်ကစားလို့ ရနိုင်တာကြောင့် လူကာကူအတွက် မှန်ကန်တဲ့ပြောင်းရွှေ့ကြေး ရမယ်ဆိုရင် ရောင်းထုတ်သွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
2 years Ago
More News
Up