အင်တာမီလန် နည်းပြအဖြစ် ဖရန့်ဒီဘိုးဝါးကို ခန့်အပ်

August 9, 2016

အင်တာမီလန် နည်းပြအဖြစ် ဖရန့်ဒီဘိုးဝါးကို ခန့်အပ်

အီတလီ စီးရီးအေကလပ် အင်တာမီလန်အသင်းက နည်းပြသစ်အဖြစ် အေဂျက်အသင်း နည်းပြ ဖရန့် ဒီဘိုးဝါးကို ခန့်အပ်လိုက်ပါတယ်။ အင်တာမီလန်ဟာ လက်ရှိနည်းပြ မန်စီနီနဲ့ နှစ်ဘက်သဘောတူ လမ်းခွဲအပြီးမှာ နည်းပြသစ်ကို ခန့်လိုက်တာပါ။ အသက် ၄၆ နှစ်အရွယ် အင်တာနည်းပြသစ် ဒီဘိုးဝါးကတော့ အင်တာကို ပြောင်းလာရလို့ ၀မ်းသာပျော်ရွှင်ကြောင်း ပြောပါတယ်။ အင်တာဟာ ပြီးခဲ့တဲ့တပတ် သြဂုတ် ၅ ရက်က ခြေစမ်းပွဲစဉ်မှာ အင်္ဂလန်ကလပ် တော့တင်ဟမ်ကို ၆ ဂိုး ၁ ဂိုးနဲ့ ရှုံးထားပါတယ်။ အင်တာအသင်းကို ပြီးခဲ့တဲ့ ဇွန်လထဲမှာ တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေက ၀ယ်ယူထားပါတယ်။ နည်းပြသစ် ဒီဘိုးဝါးဟာ နယ်သာလန် လက်ရွေးစင် ကစားသမားဟောင်း တယောက်ဖြစ်ပြီး ဒီနှစ် နွေရာသီထဲမှာ အေဂျက်အသင်း နည်းပြအဖြစ်ကနေ နုတ်ထွက်ထားတာ ဖြစ်ပါတယ်။ သူ့ကို ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ဆောက်သမ်တန်နဲ့ အဲဗာတန်တို့က ချိတ်ဆက်မှုတွေ လုပ်နေပါတယ်။ ဒီဘိုးဝါးဟာ အေဂျက်အသင်းကို ဒတ်ခ်ျ အမှတ်ပေးလိဂ်မှာ ၄ နှစ်ဆက်တိုက် ချန်ပီယံဖြစ်အောင် ကူညီထားပါတယ်။
5 years Ago
Up