အီတလီ စီးရီးအေ အသင်းကြီးတစ်သင်းဖြစ်တဲ့ အင်တာမီလန်အသင်းဟာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ပူးပေါင်းပြီး ဘောလုံးအကယ်ဒမီတစ်ခုတည်ထောင်ဖို့ ဆန္ဒရှိနေတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ဒီဗွီဘီကိုပြောပါတယ်။
အင်တာမီလန်အသင်းမှ ကိုယ်စားလှယ်အချို့ဟာ မြန်မာဘောလုံးအဖွဲ့ချုပ်နဲ့ မိတ်ဖက်အဖြစ် ဘောလုံးဖွံ့ဖြိုးရေး လုပ်ငန်းများပူးပေါင်းဆောင်ရွက်ဖို့ ဇူလိုင် ၃ ရက်နေ့က ရန်ကုန်မြို့ကို ရောက်ရှိနေပြီဖြစ်ပါတယ်။
Inter Milan Football Club Academy ဆိုတာမျိုး တည်ထောင်လိုနေတာဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကတော့ ဘယ်လိုပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာ ဇူလိုင်လ ၄ ရက်နေ့မှာ နှစ်ဘက် တွေ့ဆုံဆွးနွေးပြီး ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကတော့ နည်းပညာပိုင်းပူပေါင်းဆောင်ရွက်နိုင်မယ့် ကိစ္စတွေကို အဓိကထားဆွေးနွေးသွားမှာဖြစ်ပြီး မျိုးဆက်သစ်လူငယ်ဘောလုံးသမားတွေ ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းကို အဓိက ရည်ရွယ်တယ်လို့ဆိုပါတယ်။
7 years Ago