အင်တာနက်ပေါ်ရောက် ကြောင်ကြီးများ

January 20, 2016

အင်တာနက်ပေါ်ရောက် ကြောင်ကြီးများ (ဓာတ်ပုံ)

ကြီးမားတဲ့ကြောင်တွေနဲ့ သခင်တွေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို အင်တာနက် လူမှုရေးကွန်ရက်တွေပေါ် တင်တာဟာ အခုနောက်ဆုံး ခေတ်စားနေတဲ့ လုပ်ရပ်တခု ဖြစ်နေပါတယ်။ ဒီအထဲမှာ အကြီးဆုံးကြောင်တွေ၊ အရှည်ဆုံးကြောင်တွေနဲ့အတူ ဓာတ်ပုံရိုက်ပြီး အင်တာနက်ပေါ်ကို တင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအထဲမှာ ၄၈ လက်မအထိကြီးပြီး ၃၅ ပေါင်နီးပါးအထိ ကြီးနိုင်တဲ့ အမေရိကန် မိုင်နီကွန်းကြောင်တွေလည်း ပါဝင်ပါတယ်။ ဒီကြောင်တွေကို သိမ်မွေ့တဲ့ ဘီလူးလို့ နာမည်ပေးထားပြီး ကမ္ဘာတ၀န်းမှာ ကျယ်ကျယ်ပြန့်ပြန့် မွေးမြူကြပါတယ်။ စတီဝီးလို့ခေါ်တဲ့ အိမ်မွေးကြောင်တွေကတော့ အရှည်ဆုံးဖြစ်ပြီး ၁၂၃ စင်တီမီတာအထိ ရှည်တယ်လို့လည်း ဆိုပါတယ်။ ကြောင်တွေကို ကြီးနိုင်သမျှကြီးအောင် ဓာတ်ပုံရိုက်ရာမှာ လှည့်ကွက်တချို့ကိုလည်း သုံးခဲ့ကြပါတယ်။ တချို့က ကြောင်တွေကို ရှည်နိုင်သမျှရှည်အောင် လုပ်ဆောင်ခဲ့သလို တချို့က အမွေးတွေကို ပွနိုင်သမျှ  ပွအောင်လုပ်ထားတဲ့ လှည့်ကွက်တွေကိုလည်း သုံးခဲ့ကြပါတယ်။ ကြောင်ကြီးတွေနဲ့ ဓာတ်ပုံရိုက်ပြီး အင်တာနက်ပေါ်တင်တဲ့ ရူးသွပ်မှုရဲ့ အကြောင်းအရင်းကို မသိရပေမယ့် လူမှုကွန်ရက်မှာတော့ ဒီလုပ်ရပ်ဟာ လူသိများ ပေါ်ပြူလာ ဖြစ်နေတဲ့ လုပ်ရပ်တခု ဖြစ်နေပါတယ်။  
6 years Ago
Up