အင်တာနက

July 30, 2015

ကမ္ဘာ့အင်တာနက်သုံးစွဲသူ ထက်ဝက် ဖေ့စ်ဘွတ်ခ် သုံးစွဲ

လက်ရှိကမ္ဘာမှာ အင်တာနက်သုံးစွဲသူတွေရဲ့ တ၀က်လောက်ဟာ အင်တာနက် လူမှုကွန်ရက်ဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်ကို သုံးစွဲနေကြတယ်လို့ ဖေ့စ်ဘွတ်ခ်ရဲ့ လူမှုစစ်တမ်းမှာ တွေ့ရှိရပါတယ်။ ကမ္ဘာပေါ်မှာ လက်ရှိအင်တာနက်သုံးစွဲသူ ၃ သန်းလောက်ရှိတယ်လို့ ခန့်မှန်းထားပြီး အဲ့ဒီထဲက ၁ ဒသမ ၄၉ သန်း (တ၀က်လောက်) ဟာ အနည်းဆုံး တလကို ၁ ကြိမ်တော့ ဖေ့စ်ဘွတ်ခ်ကို သုံးစွဲတယ်လို့ ဆိုပါတယ်။ ဒါဟာ လစဉ် အနည်းဆုံး ၁၃ ရာခိုင်နှုန်း တိုးတက်လာလည်းဖြစ်ပြီး အဲ့ဒီ ဖေ့စ်ဘွတ်ခ် သုံးစွဲသူ ၁ ဒသမ ၄၉ သန်းထဲက ၆၅ ရာခိုင်နှုန်းဟာ ဖေ့စ်ဘွတ်ခ်ကို နေ့စဉ်သုံးစွဲနေကြတာပါ။ အခုလို ဖေ့စ်ဘွတ်ခ်သုံးစွဲသူ လစဉ်တိုးတက်လာမှုကြောင့် ပြီးခဲ့တဲ့ ဘဏ္ဍာရေး ၃ လပတ်အတွင်း အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော် ၀င်ငွေရရှိခဲ့ပြီး အရင်နှစ်ကထက် ၃၉ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ ဆိုပါတယ်။ ဒီဝင်ငွေတွေဟာ မိုဘိုင်းအင်တာနက် ကြော်ငြာကနေ အဓိက၀င်ငွေရရှိတာလည်း ဖြစ်ပါတယ်။
6 years Ago
Up