အင်္ဂလိပ်ဘောလုံးသမား အပြောင်းအရွှေ့ ဈေးနှုန်းကြီးမြင့်မှု ဖာဒီနန် မေးခွန်းထုတ်

June 21, 2015

အင်္ဂလိပ်ဘောလုံးသမား အပြောင်းအရွှေ့ ဈေးနှုန်းကြီးမြင့်မှု ဖာဒီနန် မေးခွန်းထုတ်

အပြောင်းအရွှေ့ဈေးကွက်မှာ အင်္ဂလိပ်ဘောလုံးသမားတွေရဲ့ ဈေးနှုန်း ကြီးမြင့်နေတဲ့ အပေါ် အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်း ရီယိုဖာဒီနန်က မေးခွန်းထုတ်လိုက်ပါတယ်။ အသက် ၃၆ နှစ်အရွယ် ဖာဒီနန်ဟာ ပြီးခဲ့တဲ့ မေလမှာပဲ ဘောလုံးကစားခြင်းကနေ အနားယူထားပါတယ်။ အင်္ဂလိပ် ဘောလုံးသမားတွေရဲ့ ဈေးနှုန်းက လောလောဆယ်မှာ လိုအပ်တာထက် အရမ်းမြင့်နေတာက ရီစရာ ကောင်းတယ်လို့ ဖာဒီနန်က ပြောပါတယ်။ လောလောဆယ်မှာ မန်ယူက စပါးစ် တိုက်စစ်မှူး ဟယ်ရီကိန်းကို ပေါင်သန်း ၅၀နဲ့ ခေါ်ဖို့ ချိတ်ဆက်နေသလို မန်စီးတီးကလည်း လီဗာပူး တိုက်စစ်မှူး စတာလင်ကို ပေါင်သန်း ၄၀နဲ့ ခေါ်ယူဖို့ လုပ်နေတယ်ဆိုပြီး သတင်းတွေ ဖော်ပြနေပါတယ်။ ဖာဒီနန်ကိုယ်တိုင်ကလည်း ၂၀၀၂ ခုနှစ်မှာ လိဒ်ယူနှိုက်တက်ကနေ အသင်းပြောင်းတဲ့အချိန်မှာ မန်ယူက ပေါင် ၂၉ သန်းကျော် ပေးရလို့ ကမ္ဘာ့ဈေးအကြီးဆုံး နောက်တန်းသမားအဖြစ် မှတ်တမ်း ၀င်ခဲ့ပါတယ်။ 1475055-31498234-2560-1440လောလောဆယ် အချိန်အထိ ဗြိတိသျှ ကစားသမားတွေထဲမှာ တိုက်စစ်မှူး အန်ဒီ ကာရိုးက ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းနဲ့ ဈေးအကြီးဆုံး ကစားသမားအဖြစ် ရပ်တည် နေပါတယ်။
6 years Ago
Up