အင်္ဂလိပ်စာ

November 5, 2018

အင်္ဂလိပ်စာအညံ့ဆုံး ၁၀ နိုင်ငံတွင် မြန်မာပါဝင်

ကမ္ဘာ့နိုင်ငံတွေရဲ့ အင်္ဂလိပ်စာ ကျွမ်းကျင်တတ်မြောက်မှုအညွန်းကိန်းအရ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၈၈ နိုင်ငံအနက် အောက်ဆုံး ၁၀ နိုင်ငံ အညံ့ဆုံးအဆင့်ထဲမှာ ပါဝင်ပြီး အဆင့်  ၈၂ မှာရပ်တည်နေပါတယ်။ အင်္ဂလိပ်စာကို မိခင်ဘာသာအဖြစ် အသုံးမပြုတဲ့ နိုင်ငံတွေရဲ့ အင်္ဂလိပ်စာ တတ်မြောက်မှု အခြေအနေကို  နှစ်စဉ်လေ့လာ စစ်တမ်းကောက်ယူ ထုတ်ပြန်ပေးနေတဲ့ Education First (EF)  အဖွဲ့က ထုတ်ပြန်တဲ့  2018 English Proficiency Index အညွှန်းကိန်းမှာ ဖော်ပြထားတာပါ။ အင်္ဂလိပ်စာ ကျွမ်းကျင်မှု အဆင့်အမြင့်ဆုံး နိုင်ငံတွေကတော့ ဆွီဒင်၊ နယ်သာလန်၊ စင်ကာပူ၊ နော်ဝေနဲ့ ဒိန်းမတ်နိုင်ငံတို့ ဖြစ်ကြပါတယ်။ အဆိုးဆုံး ၁၀နိုင်ငံကတော့ အိုမန်၊ ကာဇက်စ္စတန်၊ အယ်လ်ဂျီးရီးယား၊ မြန်မာ၊ ဆော်ဒီ၊ အာဖဂန်နစ္စတန်၊ ကမ္ဘောဒီယား၊ ဥဇဘက်ကစ္စတန်၊ အီရတ်နဲ့ လစ်ဗျားနိုင်ငံ တို့ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာတော့ စင်ကာပူ၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ထိုင်း၊  မြန်မာနဲ့ ကမ္ဘောဒီယားတို့ အစဉ်လိုက်ရပ်တည်နေပြီး လာအိုနဲ့ ဘရူနိုင်း နိုင်ငံတွေကတော့ စာရင်းမှာ ပါဝင်ခြင်းမရှိပါဘူး။
2 years Ago

May 11, 2018

မြန်မာကျောင်းသားများကို အမေရိကန်က အင်္ဂလိပ်စာ လာရောက်သင်ကြားပေးနေ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ ကျောင်းသား ကျောင်းသူတွေ အင်္ဂလိပ်စာ စွမ်းရည် မြင့်မားစေဖို့ အမေရိကန်က ဆရာမတွေ နှစ်နှစ်တာ လာရောက် ပညာသင်ကြားပေးနေပါတယ်။ Peace Corps Myanmar အစီအစဉ်အဖြစ် မြန်မာအစိုးရနဲ့ အမေရိကန်ပြည်ထောင်စုအစိုးရတို့ ပူပေါင်းပြီး အမေရိကန်နိုင်ငံသူ ဆရာမ နှစ်ဦးက  မြန်မာကျောင်းသားတွေကို လာရောက်သင်ကြားပြသနေတာပါ။ မြန်မာနိုင်ငံက သင်ရိုးညွှန်းတမ်းအတိုင်း အခြေခံပညာ ၅ တန်းနဲ့ ၆ တန်းက ကျောင်းသား ကျောင်းသူတွေအပြင် ဆရာ၊ ဆရာမတွေကိုပါ ကျောင်းတွင်း အချိန်ဇယားအလိုက် သင်ကြားပြသမှာ ဖြစ်တယ်လို့ ဒုမြို့နယ်ပညာရေးမှူး ဦးဝင်းလွင်က ဒီဗွီဘီကို ပြောပါတယ်။ “သင်ကြားသွားမှာက နှစ်နှစ် သင်ကြားသွားမှာပါ။ ဒီပညာသင်နှစ်ရယ်၊ နောက်နှစ် ပညာသင်နှစ်ရယ်၊ သူတို့ကို သတ်မှတ်ပေးထားတဲ့ အချိန်ဇယားလေးတွေ ရှိတယ်။ မြန်မာနိုင်ငံက သင်ရိုးညွှန်းအတိုင်း သင်မှာပါ။ ကျောင်းသား ကျောင်းသူတွေအတွက် အများကြီး အကျိုးရှိတဲ့ အစီအစဉ်တခုပါ” Peace Corps Myanmar  အစီအစဉ်နဲ့ ညောင်လေးပင် အ.ထ.က (၁) ကျောင်းအပြင် ပြွန်တန်ဆာ အ.ထ.က(၂) ကျောင်းတွေမှာလည်း အလားတူ သင်ကြားပေးသွားမယ်လို့ သိရပါတယ်။ သတင်း - နေလင်းထိုက်
3 years Ago
More News
Up