အင်္ဂလန်နှင့်

March 26, 2017

အင်္ဂလန်နှင့်လစ်သူယေးနီးယားပွဲတွင် ဂျိုဟတ် အသင်းခေါင်းဆောင် တာဝန်ယူလို

လစ်သူယေးနီးယားအသင်းနဲ့ ဒီညကစားမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်မှာ အင်္ဂလန်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရဖို့  ဂိုးသမား ဂျိုးဟတ်က မျှော်လင့်နေပါတယ်။ လက်ရှိ အင်္ဂလန်အသင်းခေါင်းဆောင် ရွန်နီဟာ ဒဏ်ရာကြောင့် ကစားနိုင်ခြင်း မရှိသေးပါဘူး။ ပုံမှန်ကတော့ ရွန်နီ မပါရင် နောက်တန်းသမား ဂါရီ ကာဟေး အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူပေမယ့် ဂျာမဏီကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးတဲ့ ခြေစမ်းပွဲမှာ ပွဲပယ်ခံထားရပါတယ်။ မန်စီးတီး ဂိုးသမား ဂျိုးဟတ်ဟာ စပိန်ကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးတဲ့ ၂၀၁၅ တုန်းက ပွဲစဉ်မှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။ နည်းပြအနေနဲ့ အသင်းခေါင်းဆောင် လက်ပတ်ကို ပေးအပ်လိမ့်မယ်လို့လည်း အသက် ၂၉ နှစ်အရွယ် ဂျိုးဟတ်က ဆိုထားပါတယ်။ အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဥရောပဇုန်ရဲ့ အုပ်စု အက်ဖ်မှာ ၁၀ မှတ်နဲ့ ဦးဆောင်နေပါတယ်။
5 years Ago
Up