အင်္ဂလန်မြေ

January 19, 2019

အင်္ဂလန်မြေကို တကျော့ပြန်ခြေချရန် ပြင်ဆင်နေသည့် အက်ရှ်လေကိုး

အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ နာမည်ကြီး ဘယ်နောက်ခံလူဟောင်း အက်ရှ်လေကိုးလ်ဟာ အင်္ဂလန်မြေကို တကျော့ပြန်ခြေချဖို့ ပြင်လာခဲ့ပြန်ပါတယ်။ အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် အဲလ်အေဂလက်ဆီအသင်းမှာ အသင်းခေါင်းဆောင်အဖြစ် ကစားနေတဲ့ ကိုးလ်ဟာ ရာသီကုန်ရင်တော့ မေဂျာလိဂ်ကလပ်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရထားပါတယ်။ ကိုးလ်ဟာ ၈ နှစ်ကျော်ကြာ ကစားခဲ့တဲ့ ချဲလ်ဆီးအသင်းရဲ့ အသင်းဖော်ဟောင်း ဖရန့်လမ်းပတ်နဲ့ ပြန်လည်လက်တွဲလိုနေတာဖြစ်ပါတယ်။ လမ်းပတ်အနေနဲ့ကလည်း ပရီးမီးယားလိဂ်ကို ဒါဘီအသင်း တက်လှမ်းနိုင်ဖို့ အထောက်အကူပြုရေး ကိုးလ်ကိုခေါ်ယူ ဖို့ချိတ်ဆက်နေတာ ဖြစ်ပါတယ်။ အက်ရှ်လေကိုးလ်ဟာ အင်္ဂလန်မြေမှာ အောင်ပွဲခံနိုင်ခဲ့သူဖြစ်ပြီးတော့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်၊ ယူရိုပါလိဂ်ဖလား ၁ ကြိမ်၊ ပရီးမီးယားလိဂ် ၃ ကြိမ်၊ FA ဖလား ၇ ကြိမ်နဲ့ လိဂ်ဖလား ၁ ကြိမ်ရရှိထားခဲ့ပါတယ်။
2 years Ago
Up