အင်္ဂလန် အမြဲတမ်းနည်းပြရာထူးအတွက် ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ ဂယ်ရီဆောက်ဂိတ်ကိုပဲ ခန့်အပ်ဖို့ အင်္ဂလန် အက်ဖ်အေက စီစဉ်နေပါတယ်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့က နည်းပြ ဆောက်ဂိတ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး နည်းပြရာထူးအတွက် ဆုံးဖြတ်ချက်ကိုတော့ သတင်းထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ပါဘူး။
ဒါပေမယ့် အင်္ဂလန် နောက်တန်းကစားသမားဟောင်း ဒယ်နီမေးလ်စ်ရဲ့ ပြောကြားချက်အရ အင်္ဂလန်အက်ဖ်အေအနေနဲ့ ဆောက်ဂိတ်ကိုပဲ အမြဲတမ်းနည်းပြအဖြစ် လာမယ့်ရက်ပိုင်းအတွင်းမှာပဲ ခန့်အပ်လိမ့်မယ်လို့ သိရပါတယ်။
အင်္ဂလန်အက်ဖ်အေအနေနဲ့ နည်းပြသစ်အမည်ကို နိုဝင်ဘာလကုန်မှာ တရားဝင် သတင်းထုတ်ပြန်ပေးမှာဖြစ်ပြီး ဂယ်ရီဆောက်ဂိတ်ကိုပဲ ဆက်လက်ခန့်အပ်ဖို့ ရေပန်းစားနေတာ ဖြစ်ပါတယ်။
အင်္ဂလန် ယူ-၂၁ နည်းပြ ဂယ်ရီဆောက်ဂိတ်ဟာ နည်းပြဆမ်အလာဒိုက်ရဲ့ နေရာမှာ ယာယီနည်းပြအဖြစ် အစားထိုးခန့်အပ်ခဲ့တာဖြစ်ပြီး သူတာဝန်ယူခဲ့တဲ့ ပွဲစဉ် ၄ ပွဲမှာ ၂ ပွဲနိုင် ၂ ပွဲ သရေရလဒ် ရရှိခဲ့ပါတယ်။
6 years Ago