အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်

July 30, 2018

အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကို စာချုပ်သက်တမ်းတိုးရန် ညှိနှိုင်း

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေက နည်းပြ ဆောက်ဂိတ်ကို စာချုပ်သက်တမ်းတိုးဖို့ ပြောဆို ညှိနှိုင်းနေတယ်လို့ ဒေးလီမေးလ်သတင်းမှာ ဖော်ပြထားပါတယ်။ နည်းပြ ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်အောင် ပို့ဆောင်နိုင်ခဲ့တဲ့အတွက် အက်ဖ်အေက  စာချုပ်သက်တမ်းတိုးတာ ဖြစ်ပါတယ်။ လုပ်ခလစာအဖြစ် တနှစ်ကို ပေါင် ၂ သန်းခွဲပေးဖို့ သဘောတူထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဆုကြေးငွေတွေပါရင် တနှစ်ကို ပေါင် ၅ သန်းလောက်အထိ ပေးရဖွယ် ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ နည်းပြ ဆောက်ဂိတ်အနေနဲ့ကတော့ အင်္ဂလန်အသင်းကို လာမယ့် ၂ဝ၂ဝ ယူရိုပြိုင်ပွဲနဲ့ ၂ဝ၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုရအောင် စွမ်းဆောင်ပေးရမှာ ဖြစ်ပါတယ်။
3 years Ago
Up