အင်္ဂလန်အသင်းတွင် တိုက်စစ်မှူး ဟယ်ရီကိန်း မပါလျှင်လည်း အလုပ်ဖြစ်ဟု အလန်ရှီးယား ပြော

March 21, 2017

အင်္ဂလန်အသင်းတွင် တိုက်စစ်မှူး ဟယ်ရီကိန်း မပါလျှင်လည်း အလုပ်ဖြစ်ဟု အလန်ရှီးယား ပြော

အင်္ဂလန်အသင်းအနေနဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း မပါလည်း အလုပ်ဖြစ်တယ်လို့ အင်္ဂလန် တိုက်စစ်မှူးဟောင်း အလန်ရှီးယားက ပြောပါတယ်။ တော့တင်ဟမ်ဟော့စပါးစ်အသင်းဟာ ပြီးခဲ့တဲ့ မတ် ၁၉ ရက် ပွဲစဉ်မှာ တိုက်စစ်မှူး ကိန်း မပါဘဲနဲ့ ဆောက်သမ်တန်ကို အနိုင်ရထားပါတယ်။ အင်္ဂလန်အသင်းဟာ မတ် ၂၂ ရက်နေ့ ခြေစမ်းပွဲစဉ်အဖြစ် ဂျာမနီအသင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒီနောက် မတ် ၂၆ ရက်နေ့မှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်အဖြစ် လစ်သူယေးနီးယားနဲ့ ယှဉ်ပြိုင်ရမှာပါ။ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကတော့ အင်္ဂလန်အသင်း တိုက်စစ်လူစာရင်းမှာ ဗာဒီ၊ ရက်ရှ်ဖို့ဒ်နဲ့ ဒီဖိုးတို့ကို ခေါ်ယူထားပါတယ်။ မန်ယူတိုက်စစ်မှူး ရွန်နီနဲ့ လီဗာပူးတိုက်စစ်မှူး စတာရစ်တို့ကတော့ ဒဏ်ရာကြောင့် ကစားနိုင်ခြင်း မရှိသေးပါဘူး။ အင်္ဂလန်အသင်းဟာ ကမ္ဘ့ဖလားခြေစစ်ပွဲ အုပ်စု အက်ဖ်မှာ ပါဝင်ပြီး ၄ ပွဲ ကစား ၁၀ မှတ်နဲ့ အုပ်စု ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။
5 years Ago
Up