အင်္ဂလန်အသင်း

June 28, 2019

နော်ဝေကို ၃ ဂိုးပြတ်ဖြင့်နိုင်ပြီး အင်္ဂလန်အမျိုးသမီးအသင်း ကမ္ဘာ့ဖလား ဆီမီးတက် (ရုပ်သံ)

ကမ္ဘာ့ဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် နော်ဝေနဲ့ အင်္ဂလန်အသင်းတို့ မနေ့ကယှဉ်ပြိုင်ရာ အင်္ဂလန်အမျိုးသမီးအသင်းက ၃ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားပါတယ်။ အင်္ဂလန်အသင်းဟာ ပွဲစကတည်းက ထိုးဖောက် တိုက်စစ်ဆင် ကစားကာ ပွဲအစ ၃ မိနစ်မှာပဲ အဖွင့်ဂိုးရခဲ့ပြီး စကော့တ်က အနီးကပ် ပိတ်သွင်းပေးခဲ့ပါတယ်။ ဒီနောက် ပွဲချိန် မိနစ် ၄၀ မှာ ဝှိုက်တ်က အင်္ဂလန်အတွက် ဒုတိယဂိုးသွင်းပြီး ပထမပိုင်းမှာ အင်္ဂလန်အသင်း နှစ်ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ နှစ်ဖက်အသင်း ဘောလုံးပိုင်ဆိုင်မှု မတိမ်းမယိမ်းရှိပြီး ထိုးဖောက်ကန်သွင်းခွင့်မှာတော့ အင်္ဂလန်အသင်းက အသာရခဲ့ပါတယ်။ အင်္ဂလန်အတွက် တတိယဂိုးကိုတော့ ပွဲချိန် ၅၇ မိနစ်မှာ ဘရွန့်ဇ်က သွင်းယူပေးခဲ့ပြီး ပွဲအပြီးမှာ အင်္ဂလန်က သုံးဂိုးပြတ်နိုင်ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
2 years Ago

March 28, 2019

မန်ယူအသင်းက အင်္ဂလန် လူငယ်ကစားသမား ၃ ဦး ခေါ်ယူရန် စီစဉ်နေ

မန်ချက်စတာယူနိုက်တက်အသင်းဟာ အင်္ဂလန် လူငယ်ကြယ်ပွင့် ကစားသမား သုံးဦးအတွက် ပေါင်သန်း ၁၇၀ အထိ အသုံးပြုပြီး ခေါ်ယူသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ မန်ယူအသင်း ခေါ်ယူလိုနေတဲ့ ကစားသမားသုံးဦးက ဝက်စ်ဟမ်းကွင်းလယ်လူ ဒက်ကလန်ရိုက်စ်၊ ဒေါ့မွန်တောင်ပံကစားသမား ဂျော်ဒန်ဆန်ချိုနဲ့ ခရစ္စတယ်ပဲလေ့စ် နောက်ခံလူ ဝမ်ဘစ်ဆာကာတို့ဖြစ်ပြီး အဲဒီကစားသမား သုံးဦးအတွက် ပေါင်သန်း ၁၇၀ အထိ အသုံးပြုသွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ဗြိတိန်သတင်းစာ The Sun ရဲ့ အဆိုအရ မန်ယူအသင်းဟာ နည်းပြဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်တော့မှာဖြစ်ပြီး ဆိုးလ်ရှားဟာ အင်္ဂလန်ကစားသမားတွေနဲ့ အသင်းကို အခြေခံပြီး တည်ဆောက်သွားလိုတယ်လို့ ဆိုပါတယ်။ အဲဒီကစားသမားသုံးဦးထဲမှာ ဂျော်ဒန်ဆန်ချိုနဲ့ ဒက်ကလန်ရိုက်စ်တို့ဟာ အင်္ဂလန်လက်ရွေးစင် ကစားသမားတွေဖြစ်ပြီး နောက်ခံလူ ဝမ်ဘစ်ဆာကာကတော့ ယူ ၂၁ အသင်း လက်ရွေးစင်တဦး ဖြစ်ပါတယ်။
2 years Ago
More News
Up