အင်္ဂလန်အမျိုးသမီးအသင်းနည်းပြ

September 21, 2017

အင်္ဂလန်အမျိုးသမီးအသင်းနည်းပြကို ရာထူးမှ ထုတ်ပယ်

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) ဟာ ကစားသမားတွေအပေါ် မသင့်လျော်တဲ့ အပြုအမူ ပြုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသမီး လက်ရွေးစင်အသင်းနည်းပြ မာ့ခ်ဆမ်ပ်ဆန်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ အသက် ၃၄ နှစ်ရှိ ဝေးလ်လူမျိုးနည်းပြ ဆမ်ပ်ဆန်ဟာ ၂၀၁၄ ခုနှစ်ကတည်းက ဘရစ္စတိုးလ်စီးတီးအသင်းမှာ နည်းပြလုပ်စဉ် ကစားသမားတွေအပေါ် မသင့်လျော်တဲ့ အပြုအမူ လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရဖူးတာပါ။ အင်္ဂလန်နည်းပြ ဖြစ်လာပြီး နောက်ပိုင်းမှာလည်း အာဖရိကန်နွယ်ဖွားဖြစ်တဲ့ အသင်းတိုက်စစ်မှူး အလူကိုနဲ့ တခြားကစားသမားတချို့အပေါ်မှာ ခွဲခြားဆက်ဆံမှုတွေ ရှိခဲ့တယ်လို့ ထပ်မံစွပ်စွဲခံခဲ့ရပါတယ်။ ဒီလိုစွပ်စွဲမှုတွေနဲ့ပတ်သက်ပြီး နည်းပြ ဆမ်ပ်ဆန်ဘက်က ငြင်းဆိုခဲ့ပေမယ့် ခိုင်လုံတဲ့သက်သေ ပြသနိုင်ခြင်း မရှိတာကြောင့် အက်ဖ်အေက ရာထူးကနေထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ အက်ဖ်အေအနေနဲ့ နည်းပြသစ်အဖြစ် မန်စီးတီးအမျိုးသမီးနည်းပြ နစ်ခ်ကတ်ခ်ျချီး၊ ချဲလ်ဆီး အမျိုးသမီးနည်းပြ အမ်မာဟေးရက်စ်နဲ့ ကနေဒါနည်းပြ ဂျွန်ဟာ့ဒ်မန်းတို့ထဲက တဦးနဲ့ အစားထိုးခန့်အပ်ဖို့ ချိတ်ဆက်နေတယ်လို့ သိရပါတယ်။
4 years Ago
Up