အင်္ဂလန်လက်ရွေးစင်အသင်း

A d v e r t i s e m e n t With Us

October 10, 2018

ဒဏ်ရာရ လုခ်ရှောနေရာအတွက် ဘင်ချီဝဲလ်ကို အင်္ဂလန်နည်းပြ ရွေးချယ်

အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ ဒဏ်ရာရနေတဲ့ လုခ်ရှောရဲ့နေရာမှာ လက်စတာနောက်ခံလူ ဘင်ချီဝဲလ်ကို အစားထိုးရွေးချယ်လိုက်ပါတယ်။ မန်ယူနောက်ခံလူ လုခ်ရှောဟာ  ခြေထောက်ဒဏ်ရာရခဲ့လို့ အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့တာပါ။ အင်္ဂလန်လက်ရွေးစင်အသင်းဟာ လာမယ့်တပတ်မှာ ခရိုအေးရှား၊ စပိန်အသင်းတွေနဲ့ နေရှင်းလိဂ်ပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ကစားရမှာပါ။ [caption id="attachment_294062" align="alignright" width="390"] လုခ်ရှော[/caption] အသင်းလူစာရင်းမှာ  လူငယ်ကစားသမားသစ် အများအပြားရွေးချယ်ထားပြီး ၀က်ဖို့ဒ်က ချာလိုဘက်၊ လက်စတာက မက်ဒီဆန်၊ ဒါဘီက မက်ဆန်မောက်၊ ဒေါ့မွန်က ဂျော်ဒန်ဆန်ချိုတို့လည်း ပါဝင်နေတာပါ။ ဒါ့အပြင် နောက်ခံလူနေရာမှာ ဘရိုက်တန်အသင်းက  အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ လူးဝစ်ဒန့်ခ်ကိုလည်း ပထမဆုံးအကြိမ် လက်ရွေးစင်အသင်းအတွက် ခေါ်ယူခဲ့ပါတယ်။
2 years Ago

October 5, 2018

အင်္ဂလန်လက်ရွေးစင်အသင်းတွင် လူငယ်ကစားသမားသစ် သုံးဦးပါဝင်

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ လူစာရင်းထုတ်ပြန်ရာမှာ လူငယ်ကစားသမားသစ်သုံး ဦးပထမဆုံးအကြိမ် ပါဝင်လာပါတယ်။ နည်းပြဆောက်ဂိတ်ဟာ ချန်ပီယံရှစ်ကလပ် ဒါဘီမှာ ကစားနေတဲ့ ချဲလ်ဆီးလူငယ် ကွင်းလယ်လူ မက်ဆန်မောက်၊ ဒေါ့မွန်က ဂျော်ဒန်ဆန်ချိုနဲ့ လက်စတာက မတ်ဒ်ဒီဆင်တို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဂိုးသမားလေးဦး ရွေးချယ်ရာမှာလည်း ဆောက်သမ်တန်ဂိုးသမားမက္ကာသီနဲ့ ဖူဟမ်ဂိုးသမား ဘက်တင်နယ်လီတို့ ပထမဆုံးအကြိမ် ရွေးချယ်ခံ ခဲ့ရပါတယ်။ တခြားကစားသမားတွေထဲမှာတော့ ချဲလ်ဆီးကွင်းလယ်လူ ဘာကလေက နှစ်နှစ်အတွင်း မှာ ပထမဆုံးအကြိမ် လက်ရွေးစင်အသင်းမှာ ပြန်ပါလာပြီး ၀က်ဖို့ဒ်က ချာလိုဘက်၊ စပါးကဟယ်ရီဝင့်ခ် တို့လည်း တကျော့ပြန် ရွေးချယ်ခံခဲ့ရပါတယ်။ အင်္ဂလန်အသင်းဟာ လာမယ့် သီတင်းပတ်မှာ နိုင်ငံတကာပွဲစဉ်တွေအဖြစ် ခရိုအေးရှား၊ စပိန်အသင်းတွေနဲ့ ခြေစမ်းကစားမှာဖြစ်ပါတယ်။
2 years Ago
More News
Up