စပါးနဲ့ မန်ယူတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ဟာ အင်္ဂလန်ပရီးမီးယားလိဂ်မှာ ပြန်ကစားချင်တဲ့ဆန္ဒ ရှိနေတယ်လို့ အေးဂျင့်ဖြစ်သူက ပြောပါတယ်။
အသက် ၃၅ နှစ်ရှိ ဘူလ်ဂေးရီးယားတိုက်စစ်မှူး ဘာဘာတော့ဗ်ဟာ ဂရိကလပ် PAOK အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တာကြောင့် အသင်းလက်မဲ့ ဖြစ်နေတာပါ။
ဘာဘာတော့ဗ်အနေနဲ့ အသက် ၃၅ နှစ်အရွယ်ရှိနေပြီဆိုပေမယ့် ပရီမီးယားလိဂ်မှာ တရာသီလောက် ကစားနိုင်စွမ်းရှိတယ်လို့ ယုံကြည်နေပြီး လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အင်္ဂလန်ဘောလုံးလောကဆီ ပြန်လာဖို့ စိတ်အားထက်သန်နေတယ်လို့ သူ့ရဲ့အေးဂျင့်ဖြစ်တဲ့ ဒန်ချိဘ်က ပြောပါတယ်။
ဘာဘာတော့ဗ်ဟာ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ စပါး၊ မန်ယူ၊ ဖူလ်ဟမ်အသင်းတွေမှာ ၉ နှစ်ကြာ ကစားခဲ့ပြီး စပါးအသင်းအတွက် ၄၆ ဂိုး၊ မန်ယူအသင်းအတွက် ၅၆ ဂိုး၊ ဖူလ်ဟမ်အသင်းအတွက် ဂိုး ၂၀ သွင်းယူခဲ့တဲ့ တိုက်စစ်မှူး ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်မှာ ပြင်သစ်ကလပ် မိုနာကိုအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ဂရိကလပ် PAOK အသင်းကို ပြောင်းရွှေ့ကစားခဲ့တာ ဖြစ်ပါတယ်။
6 years Ago