အင်္ဂလန်တွင် သိုသိုသိပ်သိပ် နေထိုင်ကျောင်းတက်သွားသည့် ဂျပန်မင်းသမီး (ရုပ်သံ)

A d v e r t i s e m e n t With Us

September 19, 2015

အင်္ဂလန်တွင် သိုသိုသိပ်သိပ် နေထိုင်ကျောင်းတက်သွားသည့် ဂျပန်မင်းသမီး (ရုပ်သံ)

ပြီးခဲ့တဲ့နှစ်က အင်္ဂလန် လက်စတာမှာ ဂျပန် မင်းသမီးဟာ ကျောင်းတက်ရင်း သိုသိုသိပ်သိပ်နေထိုင်သွားပါတယ်။ ဂျပန်နိုင်ငံမှာ လူသိများတဲ့ တော်ဝင်မင်းသမီး မာကိုဟာ လက်စတာတက္ကသိုလ်မှာ မဟာဘွဲ့အတွက် လေ့လာနေစဉ်မှာ သာမာန် ကျောင်းသူတဦးလို ဟန်ဆောင်နေထိုင်သွားတယ်လို့ စက်တင်ဘာ ၁၈ ရက်နေ့ မေးရားသတင်းမှာ ရေးပါတယ်။ မာကိုဟာ မင်းသား အာကီရှီနိုနဲ့ မင်းသမီး ကီကိုတို့ရဲ့ အကြီးဆုံးသမီးဖြစ်ပြီး ဂျပန်အင်ပါယာ အာကီဟစ်တိုနဲ့ မစ်ရှီကိုတို့ရဲ့ မြေးလည်း ဖြစ်ပါတယ်။ မာကိုဟာ ဂျပန်မှာ စည်းစိမ်ရှိရှိနေရပေမယ့် လူရှေ့သူရှေ့ကို ထွက်ခဲပါတယ်။ လက်စတာ ပါမောက္ခ ပေါလ်ဘိုလေကတော့ မင်းသမီးမာကိုက ကျောင်းမှာ သင်ယူဖို့ ရွေးချယ်တဲ့အတွက် ၀မ်းသာတယ်လို့ ပြောပါတယ်။ မင်းသမီးဟာ တခြားကျောင်းသားတွေလိုပဲ ကျောင်းဆောင်မှာနေထိုင်ပြီး အတန်းချိန်တွေကို ပုံမှန်တက်တယ်လို့ ဆိုပါတယ်။ သူဟာ ၂၀၁၀ တုန်းက ဒပ်ဗလင်ကောလိပ်နဲ့ ၂၀၁၂မှာ အီဒင်ဘတ် တက္ကသိုလ်မှာ အင်္ဂလိပ်စာကို သင်ယူဖူးခဲ့ပါတယ်။ အခုတော့ သူက ဂျပန်ကို ပြန်သွားပြီး ၂၀၁၆ ဇန်န၀ါရီ မတိုင်ခင် ဘွဲ့နှင်းသဘင်အတွက် နောက်ဆုံး ရလဒ်ကို စောင့်ဆိုင်းနေပါတယ်။
5 years Ago
Up