အင်္ဂလန်တိုက်စစ်မှူး

March 30, 2018

အင်္ဂလန်တိုက်စစ်မှူးဗာဒီ စီရော်နယ်ဒိုနာမည်ဖြင့် ထုတ်ထားသည့် ဖိနပ်ကိုသာ ဝတ်ဆင်ကစားနေရ

အင်္ဂလန်တိုက်စစ်မှူး ဂျေမီဗာဒီဟာ နိုက်ခ် (NIKE) ကုမ္ပဏီနဲ့ စပွန်ဆာကိစ္စ ညှိနှိုင်းမှု အဆင်မပြေတာကြောင့် စီရော်နယ်ဒိုနာမည်နဲ့ ထုတ်လုပ်ထားတဲ့ ဖိနပ်ကိုသာ ဝတ်ဆင်ကစားနေရပါတယ်။ ဗာဒီဟာ နိုက်ခ်ကုမ္ပဏီကနေ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ကတည်းက စပွန်ဆာမရရှိတာကြောင့် သူကိုယ်တိုင်ဝယ်ထားတဲ့ ဖိနပ်တွေကို ဝတ်ဆင်ကစားနေတာပဲ ဖြစ်ပါတယ်။ နိုက်ခ်ကုမ္ပဏီအနေနဲ့လည်း ဗာဒီကို ဘောလုံးကန်ဖိနပ် စပွန်ဆာပေးချင်ပေမယ့် လူစိတ်ဝင်စားမှုနည်းတဲ့ ကစားသမား ဖြစ်နေတာကြောင့် အဆင်မပြေ ဖြစ်နေရတာပါ။ ဗာဒီဟာ CR7 အမှတ်တံဆိပ် ဖိနပ်အရံပေါင်းများစွာ ဝယ်ယူထားပြီး CR7 ဖိနပ်နဲ့အတူ ၃ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့သလို ၉ ပွဲမှာလည်း ၆ ဂိုးထိ သွင်းယူနိုင်ခဲ့ပါတယ်။
3 years Ago
Up