အင်္ဂလန်ကလပ်အသင်း

April 12, 2019

ချန်ပီယံလိဂ် ဆီမီးအဆင့်ကို အင်္ဂလိပ် ၃ သင်းနှင့် ဂျူဗင်တပ် တက်ရောက်မည်ဟု ဖာဒီနန် ခန့်မှန်း

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို အင်္ဂလိပ်ကလပ် ၃ သင်းနဲ့အတူ ဂျူဗင်တပ်အသင်း တက်ရောက်နိုင်လိမ့်မယ်လို့ မန်ချက်စတာယူနိုက်တက်အသင်း နောက်ခံလူဟောင်း ရီယိုဖာဒီနန်က ခန့်မှန်းလိုက်ပါတယ်။ ပထမအကျော့မှာ ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိထားတဲ့ လီဗာပူးအသင်းဟာ ပေါ်တိုအသင်းကို ကျော်ဖြတ်ပြီး နောက်တဆင့် တက်ရောက်နိုင်မယ်လို့ ခန့်မှန်းခဲ့သလို စပါးနဲ့ မန်စီးတီးတို့ တွေ့ဆုံမှုမှာတော့ စပါးကသာ နောက်ဆုံး ၄ သင်းအဆင့်ကို ရောက်ရှိသွားနိုင်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ အေဂျက်နဲ့ ဂျူဗင်တပ်အသင်းမှာတော့ ဂျူဗင်တပ်အသင်းသာ နောက်တဆင့် တက်ရောက်နိုင်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။ နောက်ဆုံးရွေးချယ်ခဲ့တဲ့ အသင်းကတော့ မန်ချက်စတာာယူနိုက်တက်အသင်းဖြစ်ပြီး ပထမအကျော့ အိမ်ကွင်းမှာ ဘာစီလိုနာအသင်းကို ရှုံးနိမ့်ထားပေမယ့် ၁၆ သင်းအဆင့်တုန်းကလို အဝေးကွင်းမှာ အနိုင်ပြန်ရပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။
3 years Ago
Up