မန်ယူနဲ့ ကန်မယ့် ပွဲစဉ်မှာ တိုက်စစ်မှူး အဂွဲရိုးကို ပွဲထွက်ကစားစေမှာ မဟုတ်ကြောင်း နည်းပြ ဂွါဒီယိုလာက အတည်ပြုလိုက်ပါတယ်။
အဂွဲရိုးဟာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာခဲ့ပြီးနောက် မာဆေးကို ၃ ဂိုး ဂိုး မရှိနဲ့ အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လူစားဝင်ကစားခဲ့ပြီး အနိုင်ဂိုး ၁ ဂိုးသွင်းခဲ့ပါတယ်။
အဂွဲရိုးအနေနဲ့ မာဆေးနဲ့ ပွဲမှာ ၂၅မိနစ် ဝင်ကစားခဲ့ပြီး ၁ ဂိုး သွင်းခဲ့ပေမဲ့ လေ့ကျင့်ချိန် သိပ်မရသေးတာကြောင့် မန်ယူနဲ့ ပွဲမှာ ပွဲထွက် အသုံးပြုမှာ မဟုတ်ဘဲ တစ်ဆင့်ချင်းစီ သွားရမှာဖြစ်တယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။
နည်းပြဂွါဒီယိုလာအနေနဲ့ မန်ချက်စတာဒါဘီမှာ အဂွဲရိုးကို လူစားဝင် ကစားစေဖို့တော့ ရှိပါတယ်။
တိုက်စစ်မှူး အဂွဲရိုးဟာ မာဆေးနဲ့ ပွဲမှာချန်ပီယံလိဂ်သွင်းဂိုး ၁ ဂိုးရခဲ့တာကြောင့် စုစုပေါင်း ၄၁ ဂိုး ရှိသွားပြီဖြစ်ပါတယ်။
တောင်အမေရိကကစားသမားတွေထဲမှာ မက်ဆီပြီးရင် ချန်ပီယံလိဂ်သွင်းဂိုး ဒုတိယ အများဆုံး ကစားသမားအဖြစ် ပီအက်စ်ဂျီတိုက်စစ်မှူး နေမာနဲ့အတူ ပူးတွဲရပ်တည် နေပါတယ်။
4 months Ago