အဂွီရို

October 17, 2019

မန်စီးတီးတိုက်စစ်မှူး အဂွီရို ယာဉ်မတော်တဆဖြစ်

မန်စီးတီးတိုက်စစ်မှူး အဂွီရိုဟာ လေ့ကျင့်ရေးကွင်းကိုလာရင်း ယာဉ်တိုက်မူဖြစ်ပွား ခဲ့ပါတယ်။  အဂွီရိုဟာ သူ့ရဲ့ ပေါင် ၁ သိန်းခွဲ တန် Range Rover ကားနဲ့ မန်စီးတီးလေ့ကျင့်ရေးကွင်းကို အောက်တိုဘာ ၁၆ ရက်နေ့မနက်ပိုင်း လာရောက်ခဲ့စဉ်မှာ ယာဉ်မတော်တဆမူဖြစ်ပွားခဲ့တာပါ။  သူ့ရဲ့ ကာရှေ့ဘီးတခု ချိုင့်ဝင်သွားခဲ့ပြီး ကားရှေ့ပိုင်းမှာလည်း အနည်းငယ်ပျက်စီးခဲ့ပေမယ့်  ဘာဒဏ်ရာမှ ရရခဲ့ဘူးလို့ သိရပါတယ်။  အဂွီရိုဟာ ယာဉ်တိုက်မူဖြစ်ပွားအပြီးမှာ ကောင်းကောင်းမွန်မွန်ပဲ လမ်းပေါ်ဆင်းလာခဲ့ပြီး အသင်းကိုလည်း သတင်းပို့ခဲ့တယ်လို့ သိရပါတယ်။ အသက် ၃၁ နှစ်ရှိ မန်စီးတီး တိုက်စစ်မှူး အဂွီရိုဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းက ရွေးချယ်ခြင်းမပြုခဲ့တာကြောင့် အသင်းမှာ ဆက်လက်လေ့ကျင့်နေခဲ့တာဖြစ်ပါတယ်။ အဂွီရိုအနေနဲ့ ယာဉ်တိုက်မူဖြစ်ပွားခဲ့ပေမဲ့ ဒဏ်ရာမရခဲ့တာကြောင့် လာမယ့်တပတ် ကစားမယ့် ခရစ္စတယ်ပဲလေ့နဲ့ပွဲမှာ ပုံမှန်အတိုင်း ဆက်လက်ကစားသွားမှာဖြစ်ပါတယ်။
2 years Ago
Up