အဂွီရို ဟက်ထရစ်သွင်းပြီး မန်စီးတီးအသင်း မိုချန်ဂလာဘတ်ကို ဂိုးပြတ်နိုင်

September 15, 2016

အဂွီရို ဟက်ထရစ်သွင်းပြီး မန်စီးတီးအသင်း မိုချန်ဂလာဘတ်ကို ဂိုးပြတ်နိုင် (ရုပ်သံဟိုက်လိုက်)

ချန်ပီယံလိဂ် အုပ်စု စီ အဖွင့်ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ကလပ် မန်စီးတီးနဲ့ ဂျာမန်ကလပ် မိုချန်ဂလာဘတ်တို့ စက်တင်ဘာ ၁၄ ရက်ညက ယှဉ်ပြိုင်ရာ မန်စီးတီးက တိုက်စစ်မှူး အဂွီရိုရဲ့ ဟက်ထရစ်သွင်းဂိုး အပါအ၀င် ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ မန်စီးတီးဟာ အိမ်ကွင်းမှာ ခြေစွမ်းပြပြီး ဘောလုံးပိုင်ဆိုင်ခွင့်ရော ဂိုးကန်သွင်းခွင့်တွေမှာပါ အသာစီးရယူ ကစားနိုင်ခဲ့ပါတယ်။ မန်စီးတီးအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၉ မိနစ်၊ ၂၈ မိနစ်နဲ့ ၇၇ မိနစ်တွေမှာ တိုက်စစ်မှူး အဂွီရိုက ၃ ဂိုး၊ မိနစ် ၉၀ မှာ အီဟီရာနာချိုက ၁ ဂိုး သွင်းယူပေးခဲ့ပါတယ်။ အုပ်စု စီက တပွဲစီ ကစားပြီးချိန်မှာတော့ ဘာစီလိုနာက ဂိုးကွာခြားချက် အသာနဲ့ အုပ်စုပထမ၊ မန်စီးတီးက ဒုတိယနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။
5 years Ago
Up