အဂွီရို သုံးပွဲပယ်ပြစ်ဒဏ်ကြောင့် မန်ယူနှင့်ပွဲ လွဲချော်

September 3, 2016

အဂွီရို သုံးပွဲပယ်ပြစ်ဒဏ်ကြောင့် မန်ယူနှင့်ပွဲ လွဲချော်

မန်စီးတီးအသင်းရဲ့ အဓိကတိုက်စစ်မှူး အဂွီရိုဟာ ဝက်စ်ဟမ်းနောက်ခံလူ ဝင်စတန်ရိဒ်ကို တံတောင်နဲ့ တွက်ခဲ့တာကြောင့် သုံးပွဲပယ် ပြစ်ဒဏ်ပေးခံရပြီး မန်ချက်စတာဒါဘီပွဲကို လွဲချော်သွားပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ် ပရီးမီးယားလိဂ် ဝက်စ်ဟမ်းကို သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ဝက်စ်ဟမ်းနောက်ခံလူ ရိဒ်နဲ့ ဘောလုံးယှဉ်လုရင်း တံတောင်နဲ့တွက်ခဲ့တာပါ။ သူဟာ အဲဒီပွဲချိန်အတွင်းမှာ အနီကတ်ထိခြင်းမရှိခဲ့ပေမယ့် ပွဲပြီးတဲ့နောက် ပရီးမီးယားလိဂ် စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့က ဗွီဒီယိုပြန်ကြည့်ပြီး ပြစ်ဒဏ်ကျူးလွန်တာ သေချာတာကြောင့် သုံးပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ စက်တင်ဘာ ၁၀ ရက်မှာ ယှဉ်ပြိုင်မယ့် ယူနိုက်တက်နဲ့ စီးတီးတို့ရဲ့ မန်ချက်စတာ ဒါဘီပွဲစဉ်မှာ အဂွီရို မပါဝင်နိုင်တော့တာကြောင့် မန်စီးတီးအတွက် ထိုးနှက်ချက် တခုဖြစ်လာပါတယ်။ ဒီပွဲစဉ်ဟာ အင်္ဂလန်မှာ အပြင်းထန်ဆုံး ဒါဘီပွဲစဉ်ဖြစ်သလို နည်းပြနှစ်ဦးဖြစ်တဲ့ မော်ရင်ဟိုနဲ့ ဂွါဒီယိုလာတို့ဟာလည်း တချိန်က လာလီဂါမှာလည်း အဓိကပြိုင်ဘက်နည်းပြ နှစ်ဦးဖြစ်တာကြောင့် ဒီပွဲဟာ ပြိုင်ဆိုင်မှု ပြင်းထန်ဦးမှာ ဖြစ်ပါတယ်။
5 years Ago
Up