အဂူရို ၄ ဂိုးသွင်းပြီး

February 11, 2018

အဂူရို ၄ ဂိုးသွင်းပြီး လက်စတာကို ၅-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရသည့် မန်စီးတီး (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ အမှတ်ပေးဇယားမှာ အပြတ်အသတ် ဦးဆောင်နေတဲ့ မန်တီးတီးအသင်းဟာ အဂူရိုတဦးတည်းက သွင်းဂိုး ၄ ဂိုးသွင်းယူပြီး လက်စတာအသင်းကို ၅-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိသွားပါတယ်။ မန်စီးတီးအိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်လို့ ဘောလုံးပိုင်ဆိုင်မှုမှာလည်း ၇၁ ရာခိုင်နှုန်းအထိ အသာစီးယူကစားနိုင်ခဲ့ပါတယ်။ မန်စီးတီးအတွက် အနိုင်ဂိုးတွေကိုတော့ အဂူရိုတဦးတည်းက  ခြေစွမ်းပြ ၄ ဂိုးသွင်းယူခဲ့တာဖြစ်ပြီး စတားလင်းက ၁ ဂိုးသွင်းယူခဲ့ပါတယ်။ လက်စတာအသင်းအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ဗာဒီက သွင်းယူခဲ့တာဖြစ်ပါတယ်။ မန်စီးတီးဟာ ဒီပွဲအနိုင်ကြောင့် အမှတ်ပေးဇယားမှာ ဒုတိယနေရာက မန်ယူကို ၁၆ မှတ်ထိ ဖြတ်ထားနိုင်ခဲ့ပြီး ရမှတ် ၇၂ မှတ်နဲ့ ဦးဆောင်နေပါတယ်။
4 years Ago
Up