အဂူရို၏

September 17, 2017

အဂူရို၏ ဟက်ထရစ်သွင်းဂိုးဖြင့် မန်စီးတီးက ၀က်ဖို့ဒ်ကို ၆ ဂိုးပြတ် အနိုင်ရ (ရုပ်သံ)

တိုက်စစ်မှူး ဆာဂျီယို အဂူရိုဟာ မန်စီးတီးက ၀က်ဖို့ဒ်ကို ၆ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ပွဲမှာ ဟက်ထရစ်ဂိုး သွင်းယူပြီး အသင်းရဲ့ ဂိုးသွင်းအများဆုံး စံချိန်တင်နိုင်ဖို့ နီးစပ်သွားပါတယ်။ မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာကတော့ အဂူရိုအနေနနဲ့ မကြာခင်မှာ စံချိန်သစ်တွေ တင်နိုင်ဖို့ နီးစပ်နေပြီလို့ ပြောပါတယ်။ အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူး အဂူရိုဟာ မန်စီးတီးအတွက် ဂိုးပေါင်း ၁၇၅ ဂိုး သွင်းထားလို့ အသင်းမှာ တောင်ပံသမား အဲရစ် ဘုတ် တင်ထားတဲ့ ၁၇၇ ဂိုး စံချိန်ကို ကျော်ဖြတ်နိုင်ဖို့ နီးစပ်နေပါတယ်။ အာဂျင်တီးနား တိုက်စစ်မှူးဟာ ၂၀၁၁ မှာ မန်စီးတီး ၆ ရာသီအတွင်း ပရီးမီးယားလိဂ် ဂိုး ၁၇၅ ဂိုး သွင်းယူပြီး အဲရစ် ဘုတ်ကတော့ ၁၂ နှစ်အတွင်း ၁၇၇ ဂိုး သွင်းယူနိုင်တာ ဖြစ်ပါတယ်။ အဂူရိုဟာ စီးတီးအတွက် ဟက်ထရစ်ဂိုး ၆ ကြိမ် သွင်းယူထားပါတယ်။ မန်စီးတီးဟာ မနေ့ညက ပွဲမှာ ၀က်ဖို့ဒ်ကို နိုင်လိုက်တဲ့အတွက် ၁၃ မှတ်နဲ့ လောလောဆယ် အမှတ်ပေးဇယားမှာ ဦးဆောင်နေပြီး ၀က်ဖို့ဒ်ကတော့ ၈ မှတ်နဲ့ အဆင့် ၁၁ မှာ ရပ်တည်နေပါတယ်။
4 years Ago
Up