အဂတိလိုက်စားမှုဆိုင်ရာ

February 3, 2017

အဂတိလိုက်စားမှုဆိုင်ရာ အစိုးရအမိန့်ကို မကျေနပ်သဖြင့် ရိုမေးနီးယားပြည်သူ သန်းချီ ဆန္ဒပြ

အဂတိလိုက်စားမှုဆိုင်ရာ အမှုတချို့ကို ရာဇဝတ်မှုအဖြစ်ကနေ ပယ်ဖျက်ပေးတဲ့ အစိုးရရဲ့ အမိန့် ဒီဂရီကို မကျေနပ်လို့ ရိုမေးနီးယား ပြည်သူ ၂ သိန်းခွဲကျော် ဖေဖော်ဝါရီ ၁ ရက်နေ့က ဆန္ဒပြနေကြပါတယ်။ ဒါဟာ ဒီနိုင်ငံ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်အပြီး ၂၀၀၇ နောက်ပိုင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ အတွင်း အကြီးဆုံး ရုန်းကန်မှုလည်း ဖြစ်ပါတယ်။ ရိုမေးနီးယားရဲ့ ထိပ်တန်းတရားစီရင်မှု စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ ရာဇဝတ်မှုဆိုင်ရာ အထက်ရုံးကောင်စီက ဆိုရှယ်ဒီမိုကရက် အစိုးရသစ်ရဲ့ ဒီဂရီအမိန့်ကို အခြေခံဥပဒေခုံရုံးမှာ မနက်ပိုင်းက တရားစွဲခဲ့ပါတယ်။ ညနေပိုင်းမှာ ဆန္ဒပြသူ အရေအတွက် ပိုတိုးလာပြီး အစိုးရအဖွဲ့ရုံး အဆောက်အဦအပြင်မှာ လူတသိန်းခွဲလောက်ထိ ရောက်လာခဲ့တာပါ။ နောက်ထပ် လူတသိန်းခွဲလောက်ကလည်း တခြားမြို့ ၅၅ မြို့မှာ အလားတူ စီတန်းလှည့်လည်ခဲ့တယ်လို့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက ခန့်မှန်းပါတယ်။ အမိန့်ဒီဂရီကို အစိုးရက အင်္ဂါနေ့ညနေမှာ အတည်ပြုခဲ့တာပါ။ တကယ်လို့ စီမံထားတဲ့အတိုင်း အသက်ဝင်ခဲ့ရင် ဆယ်ရက်အတွင်း ဒီဂရီအမိန့်ဟာ  အမေရိကန်ဒေါ်လာ ၄ သောင်း ၈ ထောင်အောက် လျော့တဲ့ အဂတိလိုက်စားမှုတွေကို ရာဇဝတ်မှုအဖြစ်ကနေ ပယ်ဖျက်ပေးမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ခဲ့ရင် လက်ရှိ ဆိုရှယ်ဒီမိုကရက် ပါတီခေါင်းဆောင်အပေါ် စွဲဆိုထားတဲ့ အမှုက အဆုံးသတ်သွားမှာပါ။ သူဟာ ၂၀၀၆ ကနေ ၂၀၁၃ ကြား သူ့ပါတီ ဗဟိုဌာနချုပ်မှာ အလုပ်လုပ်နေသူ ၂ ဦးအတွက် အစိုးရလစာ ရရှိရေး နိုင်ငံရေးသြဇာကို သုံးခဲ့မှုနဲ့ တရားစွဲခံနေရပါတယ်။
4 years Ago
Up