အဂတိလိုက်စားမှု စွဲချက်

January 2, 2020

အဂတိလိုက်စားမှုစွဲချက်မှ ကင်းလွတ်ခွင့်ပေးရန် ပါလီမန်ထံ အစ္စရေးဝန်ကြီးချုပ် တောင်းဆိုမည်

အဂတိလိုက်စားမှု စွဲချက်တွေကနေ ကင်းလွတ်ခွင့်ပေးဖို့ ပါလီမန်ကို တောင်းဆိုသွားမယ်လို့  အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ဇန်နဝါရီ ၁ ရက်မှာ ပြောလိုက်ပါတယ်။   ဒါဟာ သူ့အပေါ် စွဲဆိုထားတဲ့ အဂတိလိုက်စားမှုစီရင်ရေးအပေါ် နှေးကွေးသွားစေမဲ့ နိုင်ငံရေးအရ အန္တရာယ်များတဲ့လုပ်ရပ်လည်း ဖြစ်ပါတယ်။  နေတန်ရာဟုဟာ လာဘ်ယူမှု၊ လိမ်လည်မှုနဲ့ ယုံကြည်မှု ပျက်ပြားစေမှု စတဲ့ အဂတိလိုက်စားမှု  ၃ ခုနဲ့ တရားစွဲခံထားရပါတယ်။  သူဟာ အစ္စရေးမီဒီယာလုပ်ငန်းရှင်တွေကို ဒေါ်လာသန်းပေါင်း ရာချီတန်တဲ့   အရေးပေးမှုတွေပေးခဲ့ပြီး အပြန်အလှန်အနေနဲ့ လက်ဆောင်တွေနဲ့ သူ့အကြိုက် သတင်းထုတ်လွှင့်တာတွေ ရရှိခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတာပါ။  တကယ်လို့ တရားစွဲခံရမှု ကင်းလွတ်ခွင့် တောင်းဆိုထားရင် ရုံးတင်စစ်ဆေးတာကို မဆောင်ရွက်နိုင်ပါဘူး။  ဝန်ကြီးချုပ် နေတန်ယာဟုက  အဲဒီလိုတောင်းဆိုခွင့်အတွက် သတ်မှတ်ချိန်မတိုင်မီ  ၄ နာရီအလိုမှာပဲ ကင်းလွတ်ခွင့်ကို တောင်းဆိုလိုက်တာပါ။    နေတန်ယာဟုအနေနဲ့  ကင်းလွတ်ခွင့် မတောင်းဆိုဘူးဆိုရင် အစောဆုံးအနေနဲ့  ဇန်နဝါရီလ ၅ ရက်မှာ သူ့အပေါ် စွဲဆိုထားတဲ့ စွဲချက်တွေကို  တရားရုံးတင်သွင်းပြီး တရားစီရင်ရေး ဆက်လုပ်သွားမှာပါ။ နေတန်ယာဟုရဲ့ အဓိက ပြိုင်ဘက် ဘန်နီဂတ်စ်ကတော့ လူတိုင်းဥပဒေရှေ့မှောက်မှာ  တန်းတူညီတူပဲဆိုတဲ့ နိုင်ငံသားအခြေခံမူကို ဝန်ကြီးချုပ်က ချိုးဖောက်တယ်လို့ပြောခဲ့ပါတယ်။
2 years Ago
Up