အဂတိလိုက်စားမှု ထိထိရောက်ရောက် တိုက်ဖျက်ရန် တရုတ်သမ္မတ တိုက်တွန်း

January 12, 2018

အဂတိလိုက်စားမှု ထိထိရောက်ရောက် တိုက်ဖျက်ရန် တရုတ်သမ္မတ တိုက်တွန်း

တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံရေးဂေဟစနစ်ကို အခြေခံကျကျ တိုးတက်မှုရှိလာစေရေး အဂတိလိုက်စားမှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဇန်နဝါရီ ၁၁ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ ၁၉ ကြိမ်မြောက် ပါတီ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ ဗဟိုကော်မရှင် အစည်းအဝေးပွဲမှာ သမ္မတ ရှီကျင့်ဖျင်က အခုလိုပြောခဲ့တာပါ။ ပါတီကို စီမံကွပ်ကဲရာမှာ ပါတီရဲ့ခေါင်းဆောင်မှု၊ လုပ်ပိုင်ခွင့်၊ ဗဟိုပြုမှုနဲ့ ပါတီဗဟိုကော်မတီရဲ့ ခေါင်းဆောင်ပိုင်း ညီညွတ်မှုတွေကို ဦးစားပေးသင့်တယ်၊ ပါတီဝင်အားလုံးရဲ့ ကြိုးပမ်းအားထုတ်မှုဟာ ပါတီရဲ့ နိုင်ငံရေးအဆောက်အဦ၊ အတွေးအမြင်နဲ့ စည်းလုံးညီညွတ်မှုတို့ကို အလေးအနက်ထားဖို့ လိုအပ်တယ်လို့ ရှီကျင့်ဖျင်က ပြောပါတယ်။ ပါတီ အကြီးတန်းခေါင်းဆောင်တွေအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ စီမံကွပ်ကဲပြီး အမှားလုပ်နေတဲ့ အရာရှိတွေကို တားဆီးနိုင်ဖို့နဲ့ တာဝန်ကျေပွန်အောင် ထမ်းဆောင်စေဖို့ လိုအပ်ချက်ရှိနေတဲ့ ပြဿနာတွေကို အမြန်ဆုံး ဖော်ထုတ်ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းရမယ်လို့လည်း သမ္မတ ရှီကျင့်ဖျင်က သတိပေးခဲ့ပါတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကဏ္ဍမှာ နိုင်ငံတကာနဲ့ ပိုပြီး ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း သမ္မတ ရှီကျင့်ဖျင်က တိုက်တွန်းပြောကြားခဲ့ပါတယ်။
3 years Ago
Up