လူမည်းအမျိုးသား ဂျော့ဖလွိုက် သေဆုံးခဲ့မှုဟာ ပြည်သူတွေအတွက် နှိုးထဖို့နဲ့ အမေရိကကို ပြောင်းလဲဖို့ အခွင့်အလမ်းတရပ်ဖြစ်တယ်လို့ သမ္မတဟောင်း အိုဘားမားက ဇွန်လ ၃ ရက်မှာ ပြောလိုက်ပါတယ်။
လူမည်းအမျိုးသား ဂျော့ဖလွိုက်ကို ရဲက သတ်ဖြတ်လိုက်မှုနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုတဝန်း ဆန္ဒပြပွဲတွေဖြစ်ပေါ်နေစဉ်မှာ အခုလို ပြောကြားခဲ့တာပါ။
ပြီးခဲ့တဲ့ ကိုးရက်ထဲက လူဖြူရဲတွေလက်ထဲ သေဆုံးသွားတဲ့ ဂျော့ဖလွိုက်အတွက် မကျေနပ်မှုတွေနဲ့ဒေါသတွေ ရှိနေတာကို အသိအမှတ်ပြုပေမဲ့လည်း အမေရိကန်ရဲ့ ပထမဆုံး လူမည်းသမ္မတဖြစ်တဲ့ အိုဘားမားက အကောင်းမြင်တဲ့ မှတ်ချက်ပဲ ပေးပါတယ်။
ဒါ့အပြင် သူက လူဖြူမဟုတ်တဲ့ တခြားအသားအရောင်ရှိတဲ့ အမေရိကန်လူငယ်တွေကို လည်း ခင်ဗျားတို့ အားလုံးရဲ့ ဘဝဟာ အရေးကြီးသလို ခင်ဗျားတို့ အိပ်မက်တွေဟာလည်း အရေး ကြီးတယ်လို့ ပြောပါတယ်။
သမ္မတဟောင်း အိုဘားမားဟာ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ကို ဗုဒ္ဓဟူးနေ့ မိန့်ခွန်းထဲ ထည့်ပြောခြင်းမရှိပေမဲ့ ပြီးခဲ့တဲ့ အပတ်တွေကတော့ အိုဘားမားဟာ သမ္မတ ထရမ့်ရဲ့ လုပ်ရပ်တွေ ကို ဝေဖန်ခဲ့တာရှိတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
9 months Ago