အခြေအနေကောင်

A d v e r t i s e m e n t With Us

March 15, 2020

ကိုရိုနာ ကူးစက်ခံထားရသည့် အာဆင်နယ်နည်းပြ အခြေအနေကောင်းမွန်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကြောင့် ကုသမှုခံယူနေတဲ့ အာဆင်နယ်နည်းပြ အာတီတာရဲ့ အခြေအနေ တိုးတက်ကောင်းမွန်နေတယ်လို့ ဇနီးဖြစ်သူက ပြောပါတယ်။ အာတီတာရဲ့ဇနီးဖြစ်သူ လိုရီနာကတော့ အာတီတာရဲ့အခြေအနေနဲ့ ပတ်သက်ပြီး  ဗွီဒီယို ရိုက်ပြီး အင်စတာဂရမ်ကနေတဆင့် ပရိသတ်တွေကို အသိပေးသွားတာပါ။ အာတီတာအတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ကြသူတွေကို ကျေးဇူးတင်ရှိပြီး  ခင်ပွန်းဖြစ်သူရဲ့ ကျန်းမားရေးဟာလည်း တိုးတက်ကောင်းမွန်နေကြောင်း၊ ရောဂါလက္ခဏာ ပြနေပေမယ့်လည်း ပုံမှန်အခြေအနေအတိုင်းပဲ ရှိနေကြောင်း၊ ကိုယ်ပူတာနဲ့ ခေါင်းကိုက်တာမျိုး လောက်သာ ဖြစ်တတ်ပြီး မိမိနဲ့ ကလေးတွေလည်း ဘာမှမဖြစ်ကြောင်း အာတီတာရဲ့ ဇနီးက ပြောပါတယ်။ အာတီတာ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရမူနဲ့အတူ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေဟာလည်း အရေးပေါ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ပွဲစဉ်တွေကို ဧပြီ ၄ ရက်နေ့အထိ ရွှေ့ဆိုင်းထားပါတယ်။
12 months Ago
Up