ချီလီနိုင်ငံမြို့တော် ဆန်တီယေဂိုမှာ မတ်လ ၁၃ ရက်က ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပြီး မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေနဲ့ ဖြိုခွင်းခဲ့ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ကားတွေကို ခဲနဲ့ပေါက်တိုက်ခိုက်နေတဲ့ ဆန္ဒပြသူတွေကို အဓိကရုဏ်းနှိမ်နှင်းရေးကားတစီးက ရေဖြန်းလူစုခွဲဖို့ ကြိုးစားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ဆန္ဒပြသူတွေဟာ ရဲတွေကို ခဲတွေ၊ ရရာပစ္စည်းအတိုအစတွေနဲ့ ပစ်ပေါက်ခဲ့သလို၊ တချိူ့က လည်း ဓာတ်ဆီပုလင်းတွေနဲ့ တိုက်ခိုက်တာ၊ ရဲကလည်း တချို့ကို ဖမ်းဆီးထိန်းသိမ်းတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ချီလီမှာ ပြီးခဲ့တဲ့အောက်တိုဘာလကစလို့ အများပြည်သူသုံးသယ်ယူပို့ ဆောင်ရေးစရိတ်တွေ မြင့်တက်မှုကို ဆန္ဒပြခဲ့ကြရာကနေ ပင်စင်လစာတွေတိုးရေး၊ ကျန်းမာရေးစောင့်ရှောက်မှု စနစ်နဲ့ ပညာရေးကောင်းမွန်ရေးတို့အတွက် တောင်းဆိုမှုတွေပါ ပါဝင်လာပါတယ်။
ဆန္ဒပြသူတွေဟာ အစိုးရကို ဖိအားပေးနိုင်ဖို့ လှုပ်ရှားမှုတွေကို ပြန်စချင်နေတာပါ။
ပြီးခဲ့တဲ့ဒီဇင်ဘာလထဲမှာ သမ္မတ ဆီဘတ်စတီယန်ပင်ညဲရာက အခြေခံဥပဒေသစ်ကို ပြဋ္ဌာန်းမယ့် ပြည်သူ့ဆန္ဒခံယူပွဲတခုကို ပြုလုပ်မယ်လို့ ထုတ်ပြန်ထားပါတယ်။
12 months Ago