အခြေခံပညာ

June 13, 2020

ပေကျင်းတွင် ဇွန် ၁၂ ရက်မှစ၍ အခြေခံပညာကျောင်း အငယ်တန်းများ ပြန်ပိတ်

တရုတ်နိုင်ငံ ပေကျင်းမြို့တော်မှာ ဇွန်လ ၁၂ ရက်ကစလို့ အခြေခံပညာကျောင်းတွေရဲ့ အငယ် တန်းတွေကို ပြန်ပိတ်လိုက်ရပါတယ်။  ဒါဟာ မြို့တော်မှာ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၃ ဦးကို အသစ်တွေ့ရှိခဲ့ရလို့ပါ။  ပေကျင်းပညာရေးကော်မရှင်ကလည်း ကျောင်းပြင်ပလေ့ကျင့်ရေး သင်တန်းကျောင်းတွေကို ရပ်ဆိုင်းထားဖို့ကို တိုက်တွန်းထားပါတယ်။  ကော်မရှင်ရဲ့အဆိုအရ မြို့တော်ရဲ့အခြေခံပညာကျောင်းတွေက ၁ တန်း၊ ၂ တန်းနဲ့ ၃ တန်း ကျောင်းသား ၅ သိန်း ၂ သောင်းကို ဇွန်လ ၁၅ ရက်မှာ ကျောင်းပြန်တက်နိုင်ဖို့ မူလက စီစဉ်ထားခဲ့တာလို့ သိရပါတယ်။  အတန်းကြီး ကျောင်းသားတွေကိုတော့ ကျောင်းဆက်တက်ခွင့်ပေးထားဦးမှာဖြစ်ပြီး သင်ကြားမှုပုံစံမှာလည်း ကပ်ဘေးထိန်းချုပ်ရေး အစီအစဉ်အရ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။  ပေကျင်းမှာ လက်ကားဈေးကြီးတခုကို လာရောက်ခဲ့သူနှစ်ဦးမှာ ကိုဗစ်-၁၉ ဖြစ်နေကြောင်း တွေ့ခဲ့ရပြီးနောက် တခြားလက်ကားဈေးကြီးတွေကိုလည်း ယာယီပိတ်ထားတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
1 year Ago

March 29, 2020

သင်ရိုးသစ်အတွက် ဆရာဆရာမများကို အွန်လိုင်းမှသင်တန်းပို့ချရန် စီမံချက်ရေးဆွဲ

သင်ရိုးသစ်အတွက် ဆရာဆရာမတွေ သင်တန်းပို့ချတာတွေကို အွန်လိုင်းကနေ သင်ကြားဖို့ စီမံချက်ရေးဆွဲနေတယ်လို့ အခြေခံပညာဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။ လာမယ့်ပညာသင်နှစ်မှာ (Grade 4,7,10) အတန်းတွေကို သင်ရိုးသစ်နဲ့ ပြောင်းလဲသင်ကြားသွားမှာဖြစ်ပြီး အခုလိုသင်ကြားနိုင်ဖို့အတွက် ဆရာ၊ ဆရာမတွေကို သင်တန်းပို့ချပေးရပါတယ်။ လတ်တလောမှာတော့ မြန်မာနိုင်ငံမှာ COVID- 19 ကိုရိုနာဗိုင်းရပ်ပိုးကူးစက်ခံနေရတဲ့အတွက် သင်ရိုးသစ်သင်တန်းတွေကို အွန်လိုင်းကနေသင်ကြားဖို့ စီမံချက်ရေးဆွဲနေတယ်လို့ အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောပါတယ်။  အွန်လိုင်းကနေသင်တန်းပို့ချရာမှာ Myanmar digital Education Platform နဲ့ Social mediaတစ်ခုဖြစ်တဲ့ ဖေ့ဘုတ်တို့ကို အသုံးပြုပြီးလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အခုလိုလုပ်ဆောင်ရာမှာ ပထမဦးစားပေးအနေ နဲ့ ဆရာ၊ဆရာမတွေ ရဲ့ လက်ထဲအရောက် teacher Guide နဲ့ Text Bookတွေကိုဖြ န့်ဝေပေးသွားမှာဖြစ်ပါတယ်။ ဆရာ၊ဆရာမတွေ မိမိကိုယ်ကို လေ့လာဖို့ တွန်းအားပေးတဲ့အနေ နဲ့ လွယ်လွယ်ကူကူလုပ်ဆောင်လို့ရနိုင်မယ့် As signmentတွေကိုပါ တခါတည်းဖြန့်ဝေပေးသွားမှာပါ။  လတ်တလောမှာ Text_Bookတွေပုံ နှိပ်ရိုက်ကူးတာတွေ လုပ်ဆောင်နေသလို သင်ခန်းစာအလိုက်ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်တွေကို တည်းဖြတ်တာတွေလုပ်ဆောင်နေပါတယ်။ Grade_4,7,10 အတန်းတွေအတွက် သင်တန်းပို့ချရမယ့် အခြေခံပညာဦးစီးဌာန ကဆရာ၊ဆရာမတွေအပါအ၀င် ကိုယ်ပိုင်းကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေက ဆရာ၊ဆရာမတွေ စုစုပေါင်း ၅ သိန်းနီးပါးရှိပါတယ်။  ပညာရေးဝန်ကြီးဌာနအနေနဲ့  ၂၀၁၅−၁၆ ပညာသင်နှစ်ကနေစပြီး အခြေခံပညာအဆင့်မှာ (KG+12) ပညာရေးစနစ်သစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေတာဖြစ်ပါတယ် ။ လက်ရှိမှာတော့ KG/Grade 1,2,3,6 အတန်းတွေကို သင်ရိုးသစ်နဲ့ ပြောင်းလဲသင်ကြားနေပြီ ဖြစ်ပါတယ်။  
1 year Ago
Up