အခြေခံစားသောက်ကုန် လှူဒါန်း

October 2, 2021

သီ​ပေါမြို့နယ်ရှိ ကျေးရွာအိမ်​ခြေ ၃၀၀ ​ကျော်ကို အ​ခြေခံစားသောက်ကုန်​များ လှူဒါန်း

​စက်တင်ဘာ ၃၀ ရက်​နေ့နဲ့ ​အောက်တိုဘာ ၁ ရက်​နေ့​တွေက ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ရှိ ​ကျေးရွာ​တွေမှာ ဆန်၊ ဆီ၊ ဆား၊ စားသောက်ကုန် ၆ မျိုးကို နှလုံးသား ပရဟိတအဖွဲ့က တအိမ်တက် တအိမ်ဆင်း သွားရောက်လှူဒါန်းခဲ့ပါတယ်။ 

သီ​ပေါမြို့နယ်က ဖာဖိတ်ကျေးရွာ ကုန်းသာကျေးရွာ လီဆူကျေးရွာ၊ မန်ဟဲကျေးရွာ၊ ဘော်ကြိုကျေးရွာ​တွေမှာ ရှိတဲ့ အခြေခံလူတန်းစားအိမ်ခြေ ၃၀၀ ကျော် ကိုဗစ်ကာလ အစားအသောက် အဆင်ပြေစေဖို့အတွက် ရည်ရွယ်လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

3 weeks Ago
Up