အခြေခံစားသောက်ကုန်

A d v e r t i s e m e n t With Us

May 9, 2020

ရှမ်းပြည်နယ်ရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများကို အခြေခံစားသောက်ကုန် ထောက်ပံ့ပေးမည်

COVID-19 အကျပ်အတည်း ကာလမှာ ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို ရှမ်းပြည်နိုင်ငံရေး အကျဉ်းသားဟောင်းအဖွဲ့က အခြေခံစားသောက်ကုန် ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းကို ထောက်ပံ့နိုင်ဖို့ မေလ ၈ ရက်နေ့က ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးတွေက ကိုယ်ပိုင်ဝင်ငွေနဲ့ အလှူငွေထည့်ပြီး မတည်ပေးခဲ့ပါတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းတဦးဖြစ်တဲ့ ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးက ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဟာ များသောအားဖြင့် ဝင်ငွေနည်းတဲ့သူတွေဖြစ်တဲ့အတွက် အထောက်အပံ့တွေ လိုအပ်ကြတယ်လို့ နိုင်ငံရေး အကျဉ်းသား ဟောင်း ဦးကျော်ခင်က ပြောပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း ရှမ်းပြည်နယ်အတွင်းမှာ နိုင်ငံရေး အကျဉ်းသားဟောင်း ၄၆ ဦးရှိပြီး အချို့မှာ သက်ရှိထင်ရှားရှိသလို အချို့မှာ သေဆုံးသွားသူတွေလည်းရှိပါတယ်။ သေဆုံးသွားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ မိသားစုတွေကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ခွန်ရာဇာ
10 months Ago

May 7, 2020

မကွေးမြို့တွင် ဝင်ငွေနည်း အိမ်ထောင်စု ၆၇၀ ကို အခြေခံစားသောက်ကုန်များလှူဒါန်း

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ပေါ်ရှိ   ဝင်ငွေနည်း အိမ်ထောင်စုပေါင်း  ၆၇၀ ကို  ကုန်သည်/စက်မှုလုပ်ငန်းရှင်များအသင်းက မေလ ၆ ရက် မနက်မှာ အခြေခံစားသောက်ကုန်တွေ လှူဒါန်းပေးခဲ့ပါတယ်။ အောင်စေတနာ၊ အောင်မေတ္တာ၊ ကင်း၊ ကျောက်ကုန်း၊ အုတ်ဖို ရပ်ကွက်တွေထဲက ဝင်ငွေနည်း မိသားစု ၆၇၀ ကို အခြေခံ စားသောက်ကုန် ၈ မျိုး ထောက်ပံပေးတာဖြစ်ပြီး အိမ်ထောင်စုတစ်စုကို ကျပ် ၇၃၅၀ ဖိုးစီ  စုစုပေါင်း ကျပ်  ၄၉၅၂၄၀၀ ဖိုး  ထောက်ပံ့ပေးတာဖြစ်ပါတယ်။ မကွေးမြို့ ကုန်သည်/စက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ  ဦးဖိုးနီက “COVID-19 ကာလမှာ ဝင်ငွေနည်းမိသားစုတွေ တဘက်တလမ်းက စားဝတ်နေရေး အဆင်ပြေအောင်ရည်ရွယ်ပြီး ထောက်ပံပေးခဲ့တာပါ။ နောက်ထပ်လည်း အလှူရှင်တွေနဲ့ ချိတ်ဆက်ပြီး ဆက်လက်ထောက်ပံ့ ပေးသွားမှာပါလို့" ဒီဗွီဘီကို ပြောပါတယ်။ မကွေးမြို့ ကုန်သည်/စက်မှု လုပ်ငန်းရှင်များအသင်းအနေနဲ့ ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်နေ့ ကလည်း မြို့ပေါ် ၄ ရပ်ကွက်က ဝင်ငွေနည်း မိသားစု ၆၃၅ စုအတွက် အခြေခံ စားသောက်ကုန်တွေ ထောက်ပံ့ပေးခဲ့ပါတယ်။ မင်းထီး
10 months Ago
More News
Up