အခြားမြို့

A d v e r t i s e m e n t With Us

May 30, 2020

လူမည်း သေဆုံးမှု ဆန္ဒပြပွဲ အခြားမြို့များသို့ ကူးစက်

အမေရိကန်နိုင်ငံ မင်နီယာပိုလစ်မြို့က အစပြုခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ တခြားမြို့တွေပါ ကူးစက်ခဲ့ပြီး  မေလ ၂၉ ရက်မှာတော့ ဆန္ဒပြသူတွေဟာ  အတ္တလန္တာက စီအန်အန်သတင်းဌာနကို ပစ်မှတ်ထား ဆန္ဒပြလာပါတယ်။  ဆန္ဒပြပွဲမှာ တိုက်ခိုက်မှုကြောင့် စီအန်အန်အဆောက်အအုံ ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ ရုပ်သံပြကွက်မှာ စစ်တပ်နဲ့ ရဲက ဆန္ဒပြသူတွေကို ထိန်းသိမ်းနေတာ တွေ့ရပါတယ်။ ကားတွေနဲ့ လမ်းကို  ပိတ်ထားပြီး လက်နက်ကိုင်စစ်သားတွေကလည်း ဆန္ဒပြသူတွေ အကြမ်းဖက်မှာကို စောင့်ကြည့်နေပါတယ်။  စီအန်အန် အဆောက်အအုံအပြင်ဘက်မှာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ခဲ့သလို မီးလောင်တာ၊ မီးခိုးတွေ ထွက်ပေါ်နေတာလည်း မြင်ရပါတယ်။  မင်နီယာပိုလစ်မြို့မှာ  ရဲဖမ်းဆီးမှုအတွင်း လူမည်း ဂျော့ဂျ်ဖလွိုက် သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ ရဲအရာရှိ ဒဲရက်ချော်ဗင်ကို ဖမ်းမိထားပြီး လူသတ်မှုနဲ့ တရားစွဲထားတယ်လို့ ဟန်နတ်ပင်ခရိုင်ရှေ့နေချုပ်က ထုတ်ပြန်ထားပါတယ်။ 
9 months Ago
Up