အခြားတစ်နိုင်ငံကိုလွှဲပြောင်

February 27, 2020

တိုကျိုအိုလံပစ်ပြိုင်ပွဲ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖျက်သိမ်းရနိုင် 

ကမ္ဘာတဝန်းဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့မှုတွေကြောင့် တိုကျိုအိုလံပစ်ပြိုင်ပွဲကို ဆက်လက်ကျင်းပနိုင်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ပြိုင်ပွဲကာလရွှေ့ဖို့ဒါမှမဟုတ် အခြားတစ်နိုင်ငံကိုလွှဲပြောင်းတာဝန်ယူစေဖို့ နောက်ဆုံးမှာတော့ လုံးဝဖျက်သိမ်းဖို့ နီးစပ်နေကြောင်း နိုင်ငံတကာအိုလံပစ်ကော်မတီရဲ့ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားလိုက်တာပါ။  ဂျပန်မှာလည်း ကူးစက်ပျံ့နှံ့မှု အနည်းငယ်ရှိပြီး သေဆုံးသူ ၄ ဦးရှိခဲ့ပြီလို့လည်း ဂျပန်က သတင်းထုတ်ပြန်ထားပါတယ်။  ဇူလိုင် ၂၄ ရက်မှာစတင်မယ့် အိုလံပစ်ပြိုင်ပွဲကို ပြိုင်ပွဲဝင် အားကစာသမား ၁၁၀၀၀ခန့်နဲ့ မသန်စွမ်းအိုလံပစ်အတွက်ပြိုင်ပွဲဝင် ၄၄၀၀ ခန့် လာရောက်ဖို့ ခန့်မှန်းထားပါတယ်။ လက်ရှိမှာ ဂျေလိဂ်ပွဲစဉ်တွေကိုလည်း ရပ်နားထားပြီး ဂျပန်အပြင် တောင်ကိုရီးယား၊အရှေ့အလယ်ပိုင်းနဲ့ ဥရောပ နိုင်ငံတွေကိုပါ ပျံ့နှံ့နေတာပါ။ 
1 year Ago
Up