အခွန်တိမ်းရှောင်မှုဖြင့် အာဆင်နယ်ကစားသမား ဆန်းချက်ဇ် အရေးယူခံရဖွယ်ရှိ

A d v e r t i s e m e n t With Us

November 3, 2016

အခွန်တိမ်းရှောင်မှုဖြင့် အာဆင်နယ်ကစားသမား ဆန်းချက်ဇ် အရေးယူခံရဖွယ်ရှိ

အာဆင်နယ် တောင်ပံကစားသမား ဆန်းချက်ဇ်ဟာ အခွန်တိမ်းရှောင်မှုနဲ့ ထောင်ဒဏ် အပြစ်ပေးခံရဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂၊ ၂၀၁၃ ခုနှစ် စပိန် ဘာစီလိုနာအသင်းမှာ ကစားခဲ့စဉ် ပုံအသုံးပြုခနဲ့ ပတ်သက်ပြီး ၀င်ငွေခွန်ပေးဆောင်ခဲ့ခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တာပါ။ အသက် ၂၇ နှစ်အရွယ် ချီလီနိုင်ငံသား ဆန်းချက်ဇ်ဟာ ပုံအသုံးပြုခနဲ့ပတ်သက်ပြီး သူပိုင်ဆိုင်တဲ့ မော်လ်တာအခြေစိုက် နူမီဒီယာကုမ္ပဏီအနေနဲ့ တဆင့်ခံ လုပ်ဆောင်ခဲ့တာပါ။ သူ့အနေနဲ့ ကြားခံကုမ္ပဏီနာမည်ကို အသုံးပြုပြီး ပုံအသုံးပြုခတွေကို တဘက်လှည့်နဲ့  ရယူခဲ့တာကြောင့် အခွန်တိမ်းရှောင်မှုနဲ့ တရားစွဲဆိုခြင်း ခံခဲ့ရတာပါ။ စပိန်တရားရုံးရဲ့ ထုတ်ပြန်ချက်အရ ဆန်းချက်ဇ်ဟာ ဘာစီလိုနာအသင်းမှာ  ကစားစဉ်ကာလက ပေါင် ၉ သိန်းအထိ အခွန်ပေးဆောင်ဖို့ ကျန်ရှိနေပါတယ်။ စပိန်ဥပဒေအရ ထောင်ဒဏ်ပြစ်ဒဏ်အစား သတ်မှတ်ဒဏ်ငွေ ပေးဆောင်နိုင်ရင်တော့  ထောင်ဒဏ်ပြစ်ဒဏ်ကို ချေဖျက်နိုင်ပါတယ်။
4 years Ago
Up