အခွန်ကိစ္စဖြင့် မက်ဆီကို စွဲဆိုချက် စပိန်တရားလိုများ ပယ်ဖျက်

A d v e r t i s e m e n t With Us

October 7, 2015

အခွန်ကိစ္စဖြင့် မက်ဆီကို စွဲဆိုချက် စပိန်တရားလိုများ ပယ်ဖျက်

အာဂျင်တီးနားနဲ့ ဘာစီလိုနာကလပ်အသင်းက ကစားသမား လိုင်ယွန်နယ် မက်ဆီကို အခွန်ကိစ္စနဲ့ စွဲဆိုချက်ကို စပိန်နိုင်ငံ တရားလိုတွေက ပယ်ဖျက်ပေးလိုက်ပါတယ်။ ဒါပေမယ့် မက်ဆီဖခင်ကိုတော့ ဆက်လက် စွဲချက်တင်ထားပါတယ်။ အပြစ်ရှိကြောင်း တွေ့ရှိရမယ်ဆိုရင်တော့ မက်ဆီရဲ့ဖခင် ဂျော့မက်ဆီက ထောင်ဒဏ် ၁၈ လနဲ့ ယူရို ၂ သန်း ဒဏ်ငွေ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ယူရို ၄ သန်း အခွန်တိမ်းရှောင်မှုနဲ့ မက်ဆီနဲ့ ဖခင်ဖြစ်သူကို စွပ်စွဲထားတာ ဖြစ်ပါတယ်။ ၂၀၀၇ နဲ့ ၂၀၀၉ ခုနှစ်က ဥရုဂွေးနဲ့ ဘယ်လီဇီက ကုမ္ပဏီတွေကို အသုံးပြုပြီး သားရဲ့ ၀င်ငွေတွေကို အခွန်ပေးဆောင်ဖို့ ပျက်ကွက်တယ်လို့ စွဲဆိုသူတွေက ဂျော့မက်ဆီကို စွပ်စွဲထားပါတယ်။ မက်ဆီရဲ့ရှေ့နေတွေကတော့ ကစားသမားက စာချုပ်ကိစ္စတွေကို လေ့လာသုံးသပ်ဖို့ အတွက် ၁ မိနစ်တောင် အချိန်မရဘူးလို့ ပြောပါတယ်။ ဇွန်လ ဘာစီလိုနာ တရားရုံးက ငွေကြေးနဲ့ပတ်သက်ပြီး မက်စီက တစုံတရာ သိရှိခြင်း မရှိတဲ့ အတွက် ဒဏ်ခတ်မခံသင့်ဘူးလို့ စီရင်ချက်ချမှတ်ခဲ့ပါတယ်။ ၂၀၁၃ သြဂုတ်လက ပြုပြင်ပြောင်းလဲရေး ငွေကြေး အဖြစ် မက်ဆီနဲ့ သူဖခင်တို့က ယူရို ၅ သန်းကို ပေးအပ်ခဲ့ဖူးပါတယ်။
5 years Ago
Up