အခွင့် အရေး ဆတူရှိဟု မြန်မာ ယူ ၂၀ နည်းပြပြော

July 2, 2015

မြန်မာပါဝင်သည့် အာရှ ယူ ၁၉ အုပ်စု (ဆ) ခြေစစ်ပွဲစဉ်များထွက်

၂၀၁၆ ခုနှစ် ဘာရိန်းနိုင်ငံမှာ  ကျင်းပမယ့် အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ ယူ ၁၉  ချန်ပီယံရှစ် ပြိုင်ပွဲအတွက် မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အုပ်စု (ဆ)ပွဲစဉ်တွေ ထွက်ပေါ်လာပါတယ်။ အုပ်စု (ဆ) မှာတော့ မြန်မာ အသင်းဟာ ဗီယက်နမ်၊ ဟောင်ကောင်၊ ဘရူးနိုင်း၊ အရှေ့တီမော အသင်းတွေနဲ့ အတူ ကျရောက်နေပါတယ်။ စက်တင်ဘာ ၃၀ ရက်မှာ မြန်မာနဲ့ ဘရူးနိုင်း၊ အောက်တိုဘာ ၂ ရက်မှာ မြန်မာနဲ့ တီမော၊ အောက်တိုဘာ ၄ ရက်မှာ မြန်မာနဲ့ ဟောင်ကောင်၊ အောက်တိုဘာ ၆ ရက်မှာ မြန်မာနဲ့ ဗီယက်နမ်တို့ ကစားကြမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲတွေကို ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၈ ရက်ကနေ အောက်တိုဘာ ၆ ရက်အထိ သုဝဏ္ဏ လူငယ်လေ့ကျင့်ရေးကွင်းမှာ ကစားသွားမှာ ဖြစ်ပါတယ်။ ခြေစစ်ပွဲတွေကို အုပ်စု ၁၀ ခု ခွဲပြီး ကျင်းပတာဖြစ်သလို အုပ်စု ပထမရတဲ့ အသင်း ၁၀ သင်းနဲ့ အကောင်းဆုံး အုပ်စု ဒုတိယ ၅ သင်း၊ အိမ်ရှင် ဘာရိန်းအသင်းတို့ ယူ ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဘာရိန်း ယူ ၁၉  ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် တက်ရောက်တဲ့ အသင်း ၄ သင်းက ၂၀၁၇ ခုနှစ် တောင်ကိုရီးယားမှာ ကျင်းပမယ့် ယူ ၂၀ ကမ္ဘာဖလား ဘောလုံးပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။
6 years Ago

June 8, 2015

ယူ ၂၀ ကမ္ဘာ့ဖလား အိမ်ရှင် နယူးဇီလန် ပေါ်တူဂီနှင့်တွေ့

နယူးဇီလန်နိုင်ငံမှာ ကျင်းပနေတဲ့ ယူ ၂၀ ကမ္ဘာ့ဖလား အုပ်စုနောက်ဆုံးပွဲစဉ်တွေအဖြစ် အုပ်စုအီးမှာ ဘရာဇီးက မြောက်ကိုရီးယားကို ၃-၀၊ နိုင်ဂျီးရီးယားက ဟန်ဂေရီကို ၂-၀ နဲ့ အသီးသီး အနိုင်ရရှိသွားပါတယ်။ အုပ်စုအက်ဖ်မှာ ဥဇဘက်ကစ္စတန်က ဖီဂျီကို ၃-၀ နဲ့နိုင်ပြီး ဥရောပနာမည်ကြီး ဂျာမနီအသင်းက ဟွန်ဒူးရပ်စ်ကို ၅-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရသွားပါတယ်။ အခုဆိုရင် အုပ်စုပွဲစဉ်တွေ အားလုံးပြီးပြီမို့ ရှုံးထွက်အဆင့်ကို တက်ရောက်သွားတဲ့ အသင်း ၁၆ သင်း ထွက်ပေါ်လာပါတယ်။ ရှုံးထွက်အဆင့် ပွဲစဉ်တွေကိုတော့ လာမယ့် ဇွန် ၁၀ ရက်နေ့မှာ ဂါနာနဲ့ မာလီ၊ ဆားဘီးယားနဲ့ ဟန်ဂေရီ၊ အမေရိကန်နဲ့ ကိုလံဘီယာ၊ ယူကရိန်းနဲ့ ဆီနီဂေါတို့ ယှဉ်ပြိုင်ရမှာပါ။ ဇွန် ၁၁ ရက်နေ့မှာတော့ သြစတြီးယားနဲ့ ဥဇဘက်ကစ္စတန်၊ ဘရာဇီးနဲ့ ဥရုဂွေး၊ ဂျာမနီနဲ့ နိုင်ဂျီးရီးယား၊ မြန်မာအသင်းနဲ့ တအုပ်စုထဲကျခဲ့တဲ့ နယူးဇီလန်အသင်းကတော့ ပေါ်တူဂီအသင်းနဲ့  ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အခုပြိုင်ပွဲကို ဒီနှစ်မှ ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တဲ့ မြန်မာ ယူ ၂၀ အသင်းကတော့ အုပ်စုတွင်း ၃ ပွဲကစား၊ ၃ ပွဲလုံးရှုံး၊ ရဂိုး ၂ ဂိုး၊ ပေးဂိုး ၁၃ ဂိုးနဲ့ အုပ်စုတွင်းကနေပဲ ထွက်ခဲ့ရပါတယ်။
6 years Ago
More News
Up