အချုပ်အခြာ

September 16, 2020

အချုပ်အခြာကို ကာကွယ်ရန် ထိုင်ဝမ်ကမ်းရိုးတန်း၌  စစ်ရေးလေ့ကျင့်ခဲ့ဟု တရုတ် ပြော

ထိုင်ဝမ်ကျွန်းရဲ့ အနောက်တောင်ကမ်းရိုးတန်းမှာ အရင်သီတင်းပတ်က တရုတ်ပြည်မကြီးက စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့တာဟာ တရုတ်ရဲ့ အချုပ်အခြာကို ကာကွယ်ဖို့ လိုအပ်တဲ့လုပ်ရပ် ဖြစ်တယ်လို့ တရုတ်အစိုးရက စက်တင်ဘာ ၁၆ ရက်မှာ ပြောလိုက်ပါတယ်။ တရုတ်က အကြီးစား ရေကြောင်း လေကြောင်း စစ်ရေးလ့ကျင့်ခဲ့တာဟာ ပြင်းထန်တဲ့ ကျူးကျော်မှုလို့ ထိုင်ဝမ်က မကျေမနပ်ပြောအပြီးမှာ တရုတ်က ခုလို တုံ့ပြန်လိုက်တာပါ။ တရုတ်ဟာ ထိုင်ဝမ်ကို သူ့ပိုင်နက်ထဲက သင်းကွဲပြည်နယ်အဖြစ် မှတ်ယူထားပြီး ကျွန်းနားမှာ စစ်ရေးလှုပ်ရှားမှုတွေ တိုးလုပ်နေပါတယ်။ ဒီလုပ်ရပ်ဟာ တရုတ်အုပ်စိုးမှုကို လက်ခံဖို့ ဖိအားပေးတဲ့လုပ်ရပ်လို့ ထိုင်ဝမ်က ရှုမြင်ထားပါတယ်။ တရုတ်က စစ်ရေးလှုပ်ရှားမှု တိုးလုပ်နေတာကြောင့် မတော်တဆ ပဋိပက္ခ ဖြစ်လာမယ့်ဘေး ရှိနေတယ်လို့ ထိုင်ဝမ်သမ္မတ ချိုင်အင်းဝမ်က ပြောပါတယ်။ ထိုင်ဝမ်ဟာ တရားဝင်နာမည်ဖြစ်တဲ့ တရုတ်ပြည်သူ့နိုင်ငံလို့ခေါ်တဲ့ လွတ်လပ်တဲ့နိုင်ငံ ဖြစ်ပြီးသားလို့လည်း ထိုင်ဝမ် သမ္မတက ပြောပါတယ်။
1 year Ago

September 4, 2020

ဘဲလာရုစ် အချုပ်အခြာအာဏာ တည့်တံ့ရေး ထောက်ခံဟု ရုရှားဝန်ကြီးချုပ် ပြော

ဘဲလာရုစ်သမ္မတ လူကာရှန်ကို အကြီးမားဆုံး နိုင်ငံရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေ ချိန်မှာပဲ စက်တင်ဘာ ၃ ရက်က ရုရှားဝန်ကြီးချုပ် မီခေးလ်မစ်ရှူတင်ဟာ ဘဲလားရုစ်နိုင်ငံကို လာ ရောက်ခဲ့ပါတယ်။     ဘဲလာရုစ်သမ္မတနဲ့ တွေ့ဆုံရာမှာ ရုရှားဝန်ကြီးချုပ်က ရုရှားအနေနဲ့ ဘဲလာရုစ်ရဲ့ အချုပ် အခြာအာဏာ၊ လွတ်လပ်ရေးနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကို လုံး၀ထောက်ခံပါတယ်လို့ ပြောဆိုခဲ့ ပါတယ်။    ရုရှားဝန်ကြီးချုပ်နဲ့ တွေ့ဆုံချိန်အတွင်း   သမ္မတ လူကာရှန်ကိုကလည်း   ရုရှားအတိုက်အခံ ခေါင်းဆောင် နာဗန်ညီ အဆိပ်ခပ်ခံရတာ မဟုတ်ဘူးလို့ ညွန်းဆိုတဲ့ ပိုလန်အစိုးရနဲ့ ဂျာမန် အစိုးရ တို့အကြား ပြောဆိုမှုကို ဘဲလားရုစ်က ကြားဖြတ်ဖမ်းယူခဲ့တယ်လို့လည်း  ပြောဆိုခဲ့ပါတယ်။  နာဗန်ညီ အဆိပ်ခပ်ခံရတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ အနောက်နိုင်ငံတွေအနေနဲ့ အဆောတလျင် မဆုံးဖြတ်သင့်ဘဲ အဲဒီလို စွပ်စွဲရမယ့် အကြောင်းပြချက်လည်း မရှိဘူးလို့ ရုရှား အစိုးရက  စက်တင်ဘာ  ၃ ရက်မှာ ပြောဆိုခဲ့ပါတယ်။  
1 year Ago
Up