အချိန်မတန်

May 14, 2020

ဆန်ချို မန်ယူအသင်းဆီပြောင်းရွေ့ရန် အချိန်မတန်သေးဟု ဘာဘာတော့ဗ် သုံးသပ်

ဒေါ့မွန် တောင်ပံကစားသမားဂျေဒန်ဆန်ချိုအနေနဲ့  မန်ချက်စတာယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ အချိန်မတန်သေးဘူးလို့  တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က ပြောပါတယ်။  ဆန်ချိုကို မန်ယူအသင်းက ခေါ်ယူလိုနေပြီး အသင်းဘက်က ပေါင်သန်း ၁၀၀ ပြောင်းရွှေ့ကြေး သတ်မှတ်ထားပါတယ်။  မန်ယူအသင်းမှာ မာစီယယ်၊ ရက်ရှ်ဖို့ဒ်နဲ့ ဒယ်နီယယ်ဂျိမ်းတို့ရဲ့ တိုက်စစ်အစုအဖွဲ့ရှိ နေတာကြောင့် ဆန်ချိုအနေနဲ့ အလှည့်ကျစနစ်နဲ့သာ ပွဲထွက်ခွင့်ရနိုင်သလို ဗိုင်းရပ်စ် အကျပ်အတည်းကာလမှာ အပြောင်းအရွှေ့ဖြစ်ဖို့ခက်တယ်လို့ ဘာဘာတော့ဗ်က ပြောပါတယ်။  ဒါပေမဲ့ သူ့ရဲ့တိုးတက်လာတဲ့ ခြေစွမ်းကတော့ မယုံကြည်နိုင်စရာကောင်းကြောင်း သူ့ရဲ့ တိုးတက်မှုအရှိန်ကို ရပ်တန့်မသွားစေဖို့အတွက် ဒေါ့မွန်အသင်းမှာ ဆက်ရှိနေတာက အကောင်းဆုံး ဖြစ်ကြောင်း တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က သုံးသပ်ထားတာပါ။
11 months Ago
Up