အချိန်ပေးရန်လို

A d v e r t i s e m e n t With Us

January 11, 2021

 နီကိုလပ်စ်ပေပေကို အချိန်ပေးရန်လိုဟု  အာဆင်နယ်နည်းပြပြော

နီကိုလပ်စ်ပေပေကို အချိန်ထပ်ပေးပြီး ခြေစွမ်းပြနိုင်အောင် ကူညီပေးဖို့ လိုအပ်တယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ပြောပါတယ်။  ၂၀၁၉ ခုနှစ်က ပြင်သစ်ကလပ်လိုင်လီကနေ ကလပ် စံချိန်တင်ပြောင်း ရွှေ့ကြေး ပေါင် ၇၂ သန်းနဲ့ ပြောင်းရွှေ့လာတဲ့ ပေပေဟာ အာဆင်နယ်မှာ မျှော်မှန်းထားသလောက်ခြေစွမ်း ပြသနိုင်ခြင်း မရှိသေးတာဖြစ်ပါတယ်။  နယူးကာဆယ်နဲ့ အက်ဖ်အေဖလားပွဲစဉ်မှာဆိုရင် ဂန္ထဝင်ကစားသမားဟောင်း အီယန်ရိုက် ကိုယ်တိုင် ပေပေရဲ့ ခြေစွမ်းအပေါ် ဝေဖန် ခဲ့ပါတယ်။  နည်းပြ အာတီတာကတော့ ပေပေဟာ တချိန်မှာ ခြေစွမ်းတောက်ပလာမှာ ဖြစ်ပြီး လက်ရှိအချိန်မှာတော့ အနည်းငယ်စိတ်ရှည်ပေးဖို့နဲ့ အချိန်ပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ လာမယ့်လပိုင်းအနည်းငယ်အတွင်းမှာ ဘယ်လို ခြေစွမ်း တိုးတက်လာမလဲဆိုတာ စောင့်ကြည့်နိုင်တယ်လို့လည်း ပေပေရဲ့ ခြေစွမ်းတိုးတက်မှုနဲ့ပတ်သက်ပြီး နည်းပြ အာတီတာ က ပြောပါတယ်။  ပေပေဟာ မနှစ်က တစ်ရာသီလုံးမှာ ၄၂ ပွဲ ကစားပြီး ၈ ဂိုး သွင်းခဲ့ပါတယ်။ ဒီနှစ်ရာသီဝက်ကာလအထိ ပြိုင်ပွဲစုံ ၂၁ ပွဲ ကစားအပြီးမှာတော့ ၅ ဂိုးသွင်းယူထားပြီး ဖြစ်ပါတယ်။ 
2 months Ago
Up