အချိန်ကပ်ရွှေ့ဆိုင်းမှု

January 2, 2021

ဖူဟမ်နှင့်ပွဲ အချိန်ကပ်ရွှေ့ဆိုင်းမှု ပရော်ဖက်ရှင်နယ်မဆန်သည့်လုပ်ရပ်ဟု မော်ရင်ဟို ဝေဖန်

ဖူဟမ်နဲ့ပွဲကို ပွဲချိန်နီးမှ ရွှေ့ဆိုင်းခဲ့တာက ပရော်ဖက်ရှင်နယ်မဆန်တဲ့လုပ်ရပ် ဖြစ်ကြောင်း စပါးနည်းပြ မော်ရင်ဟိုက ဝေဖန်လိုက်ပါတယ်။  ဖူဟမ်အသင်းဟာ စပါးအသင်းနဲ့ ဒီဇင်ဘာ ၃၀ ရက်မှာ ကစားရမှာ ဖြစ်ပေမယ့် အသင်းထဲမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာကြောင့် ပွဲရွှေ့ဆိုင်းပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။  ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဘက်ကလည်း ပွဲမကစားခင် ၃ နာရီအလိုရောက်မှ ပွဲရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် ပရော်ဖက်ရှင်နယ်မဆန်ကြောင်း နည်းပြမော်ရင်ဟိုက ဝေဖန်ခဲ့တာပါ။  အဲဒီပွဲ ရွှေ့ဆိုင်းခဲ့တာကို သိပ်မပြောချင်ပေမယ့်လည်း အဲဒီပွဲအတွက် အများကြီး ပြင်ဆင်ခဲ့ပြီးမှ ပွဲမကစားခဲ့ရတာက တစ်ပတ်စာလေ့ကျင့်မှုတွေ အချည်းနှီး ဖြစ်သွားစေတယ်လို့ ဆိုပါတယ်။  ပရီးမီးယားလိဂ်စည်းမျဉ်းတွေထဲမှာ အသင်းတသင်းအနေနဲ့ ကိုဗစ်-၁၉ စစ်ဆေးပြီးလို့ ပိုးတွေ့သည်ဖြစ်စေ အနည်းဆုံးအနေနဲ့ ပထမအသင်းက ကစားသမား ၁၄ ဦးရှိပါက ပွဲကစားခွင့်ပြုနိုင်ကြောင်း သတ်မှတ်ထားပါတယ်။
10 months Ago
Up