ဥရောပရဲ့အချမ်းသာဆုံးကလပ်အသင်းစာရင်းမှာ မန်ယူအသင်းက အဆင့် ၂ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
ဟော်လန်အခြေစိုက် ဘဏ္ဍာရေးစာရင်း၊ အခွန်နဲ့ အကြံပေးကုမ္ပဏီ KPMG ရဲ့စစ်တမ်းအရ ရီးရဲလ်မက်ဒရစ်အသင်းက ဥရောပမှာ အချမ်းသာဆုံးကလပ်အသင်းအဖြစ် ပေါင်၂.၉၅ ဘီလီယံနဲ့ ရပ် တည်နေပါတယ်။
ဒုတိယနေရာက မန်ချက်စတာယူနိုက်တက်က ၂ ရာခိုင်နူန်း တန်ဖိုး ကျဆင်းခဲ့ပေမယ့် ပေါင် ၂.၈၄ ဘီလီယံနဲ့ အဆင့် ၂ နေရာမှာ အပြောင်းအလဲမရှိ ရပ်တည်ခဲ့တာပါ။
အဲဒီနောက် အဆင့် ၃နေရာမှာ ဘာစီလိုနာက ပေါင်၂.၇၁ ဘီလီယံနဲ့ ရပ်တည်ခဲ့ပါတယ်။ ဘာစီလိုနာ အသင်းက ၁၂ ရာခိုင်နူန်းအထိ တန်ဖိုး တက်လာလို့ တဆင့်တက်ခဲ့ပါတယ်။
အဲဒီနောက် ဘိုင်ယန်မြူးနစ်၊ လီဗာပူး၊ မန်စီးတီး၊ ချဲလ်ဆီး အသင်းတို့ အစဉ်လိုက်ရပ်တည်ခဲ့ ပါတယ်။
ဥရောပချန်ပီယံ လီဗာပူး အသင်းက ၁၉ ရာခိုင်နူန်းကျော် တန်းဖိုး တက်လာခဲ့ပြီး အဆင့် ၂ ဆင့် တက်ခဲ့တာပါ။
ထိပ်တန်း ၁၀ သင်းထဲမှာ စပါး၊ ပီအက်စ်ဂျီနဲ့ အာဆင်နယ်အသင်းတို့လည်းပါဝင်ခဲ့ပါတယ်။
ထိပ်တန်း ၁၀ သင်းထဲမှာ ပီအက်စ်ဂျီအသင်းက ၃၆ ရာခိုင်နူန်းကျော်အထိ တန်ဖိုးတက်ခဲ့ပေ မယ့် ၂ ဆင့်သာ တက်ခဲ့ပြီး အဆင့် ၉ နေရာမှာ ရပ်တည်ခဲ့တာဖြစ်ပါတယ်။
9 months Ago