အချုပ်သား ၅ ဦး

January 20, 2017

အချုပ်သား ၅ ဦးတင်ဆောင်လာသည့် ကားတိမ်းမှောက်

ကြံခင်းမြို့မရဲစခန်းမှ အချုပ်သား ၅ ဦးတင်ဆောင်လာတဲ့ ကားဟာ ဇန်န၀ါရီ ၁၉ ရက်မနက်ပိုင်းက ပုသိမ်မုံရွာ ကားလမ်းမအတိုင်း ကြံခင်းကနေ ဟင်္သာတထောင်အသွား ကျီးကြီးကျေးရွာနဲ့ တလိုင်းကွင်း ကျေးရွာကြားမှာ တိမ်းမှောက်ခဲ့ပါတယ်။ ကားပေါ်မှာပါလာတဲ့ အချုပ်သား ၅ ဦးနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အနည်းငယ်ဒဏ်ရာ ရရှိခဲ့ပေမယ့် စိုးရိမ်စရာမရှိဘူးလို့ အင်္ဂါပူမြို့မရဲစခန်းမှ သိရပါတယ်။ ကားပေါ်ပါလာတဲ့ တရားခံတွေကို အင်္ဂပူ မြို့မစခန်းအချုပ်ကားနဲ့ ဟသာင်္တထောင်ကို ပို့ဆောင်ခဲ့ရပြီး ကားကို နေ့လယ် ၁၂ နာရီကျော်မှာ ပြန်တည်မနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သတင်း - သန်းထိုက်မြင့် (ဓာတ်ပုံ- အင်္ဂပူမြို့မစခန်းတပ်ဖွဲ့)
5 years Ago
Up