အချိန်​အခါမဲ့​ မိုး​ကြောင့် ရခိုင်စစ်ဘေးရှောင်များ အခက်တွေ့

March 7, 2019

အချိန်​အခါမဲ့​ မိုး​ကြောင့် ရခိုင်စစ်ဘေးရှောင်များ အခက်တွေ့

ရခိုင်​​ပြည်နယ်အနှံ့အပြားမှာ မတ်​လ ၆ ရက်​​ မနက်​ပိုင်းက  အချိန်​အခါမဟုတ်​ ရွာသွန်းလို့ ရခိုင်​ပြည်​နယ်​အတွင်းရှိ စစ်​​ဘေး​ရှောင်ဒုက္ခသည်တွေ အခက်အခဲတွေ့နေကြပါတယ်။ ကျောက်​​တော်​၊ ပုဏ္ဏားကျွန်း၊ ဘူးသီး​တောင်​နဲ့ ရ​သေ့​တောင်​မြို့နယ်​တွေရှိ စစ်​​​ဘေးရှောင် ဒုက္ခသည်​စခန်းတွေမှာ မိုး​ရေတွေဝင်​​ရောက်​တာ၊ အမိုးအကာ မလုံ​လောက်တာကြောင့် အသုံးအ​ဆောင် ​အဝတ်​အထည်​တွေ မိုးရေစိုကုန်ပြီး ထမင်းချက်​ဖို့လည်း အဆင်​မ​ပြေ ဖြစ်နေကြပါတယ်​။ ပုဏ္ဏားကျွန်းမြို့နယ်​ အထက်​သင်​ပုန်းတန်း ဒုက္ခသည်​စခန်း တာဝန်​ခံ ဦး​သန်းမြင့်​က "မိုးကရွာ​တော့ ဒုက္ခသည်​​တွေထပ်​ပြီး ဒုက္ခ​ရောက်​ကြပြီ​ပေါ့။ ​အ​ဆောက်​အအုံ​တွေက ​မြေထိုင်​၊ အမိုးအကာက မလုံခြုံဆို​တော့ အ၀တ်​အထည်​​တွေ ​​စောင်​တို့ဘာတို့ အကုန်​စိုကုန်​တာ​ပေါ့​လေ။ ​ချက်​ပြုတ်​ရတာကအစ အ​တော်​အခက်​အခဲဖြစ်ပါတယ်​”လို့ပြောပါတယ်။ အချိန်အခါမဟုတ်မိုးကြောင့် အခက်အခဲတွေ့နေရကြတဲ့ ဒုက္ခသည်တွေဟာ နီးစပ်ရာ ကျေးရွာတွေကို သွားရောက်ခိုလှုံနေရတယ်လို့လည်း ပြောပါတယ်။ “ကျနော်တို့မှာက စခန်းသစ်​ကို ​နေရာ​ရွှေ့​ပြောင်းဆဲမို တဲ​တွေက ဖြစ်​သလို ​ဆောက်​ထားကြတာပါ။ အခု​တော့ သည်းသည်းမဲမဲ ရွာတဲ့မိုး​ကြောင့် နီးစပ်​ရာ ဖားကြွယ်​ရွာကို ​ပြေးပြီး ခိုလှုံ​နေကြရပါပြီ။ တချို့လည်း ဘုန်းကြီး​ကျောင်း​တွေမှာ၊ တချို့လည်း ​ကျေးရွားသား​တွေဆီမှာ အကူအညီ​တောင်းပြီး မိုးခို​နေရပါတယ်​။ စားဖို့​သောက်​ဖို့ ပူပင်​​နေရတဲ့အထဲ မိုးကပါ ရွာလာ​တော့ ​နေစရာမရှိ၊ ချက်​ပြတ်​ဖို့ အဆင်​မ​ပြေနဲ့ အရမ်း ဒုက္ခ​တွေ့​နေရပါတယ်​။” ပုဏ္ဏားကျွန်းမြို့နယ်​မှာ အထက်​သင်​ပုန်းတန်း ဒုက္ခသည်​စခန်းနဲ့ ဖား​ကြွေဒုက္ခသည်​စခန်း နှစ်ခုရှိပြီး အိမ်​​ထောင်​စု ၁၀၇ စု၊ လူဦး​ရေ ၆၃၇ ဦး နေထိုင်နေကြတာပါ။ ရခိုင်စစ်ဘေးရှောင်ဒုက္ခသည်တွေကို အကူအညီပေးမှုတွေ အားနည်းနေပြီး အကူအညီတွေပေးဖို့ ပြည်​ထောင်​စုအစိုးမှာတာဝန်​ရှိသလို ပြည်​နယ်​​အစိုးရမှာလည်း တာဝန်ရှိတယ်လို့ ရခိုင်​အမျိုးသားပါတီ အ​ထွေ​ထွေအတွင်း​ရေးမှူး ဦး​ထွန်းအောင်​​ကျော်​က ပြောပါတယ်။ "စစ်​​ဘေးဒုက္ခသည်​​တွေ မိုးရာသီမှာအ​တော်​​လေးကို ဒုက္ခ​ရောက်​ကြမှာဖြစ်​တယ်​။ တိုက်​ပွဲ​တွေကလည်း မရပ်​နိုင်​၊ စစ်​​ဘေး​ရှောင်​​တွေကလည်း မူလ သူတို့​နေထိုင်​ရာ​နေရာ​တွေကို ပြန်​နိုင်ဖို့အစား ထပ်​တိုးတိုးလာ​နေတယ်​။ ဒီကိစ္စ​တွေနဲ့ ပတ်​သက်​ပြီး ရခိုင်​အမျိုးသားတခုလုံးကို ကိုယ်​စားပြုတဲ့ ပါတီတခုအ​နေနဲ့ ပြည်​​ထောင်​စု အစိုးရကို​ရော၊ ရခိုင်​ပြည်​နယ်​အစိုးရကို​ရော တင်​ပြထားတာ​တွေရှိတယ်​။ ဒါပေမယ့် သက်​ဆိုင်​ရာတာဝန်​​တွေကို တာဝန်​ယူမှု၊ တာဝန်​ခံမှု အလွန်​အားနည်း​နေတာကို ​တွေ့ရပါတယ်​” ​အေ​အေနဲ့ တပ်​မ​တော်​ တိုက်​ပွဲဖြစ်​ပွားတာကြောင့် ကျောက်​​တော်​မြို့နယ်​မှာ စစ်​​ဘေးဒုက္ခသည်​စခန်း ၃ ခု၊ ​မြောက်​ဦးမြို့နယ်​မှာ ၅ ခု အပြင်​ ပုဏ္ဏားကျွန်းမြို့နယ်​မှာ​ ၂ ခု ဘူးသီး​တောင်​မြို့နယ်​မှာ ၃ ခု တို့မှာ ဒုက္ခသည်​ ၇၀၀၀ ​ကျော်​ စစ်​​ဘေးရှောင်နေကြပါတယ်​။ ဗညား
2 years Ago
Up